Wednesday, July 31, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်အား ဂါရ၀ပြုတွေ့ဆုံ




Image may contain: 3 people, people sitting and indoor
နေပြည်တော် ဇူလိုင် ၃၀



အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေး ကောင်စီဥက္ကဋ္ဌ Mr. Narendra Damodardas Modi အား ယမန်နေ့မွန်းလွဲ ပိုင်းတွင် ဝန်ကြီးချုပ်၏ အိမ်တော်၌ သွားရောက်ဂါရ၀ပြု တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအား ကျေးဇူးတင်ရှိ ပါကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်စွမ်းရည် တိုးတက်မြင့်မားရေးအတွက် ဆက်လက်တိုးမြှင့်ကူညီပေးသွား မည့်အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် အခြေ အနေများနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အိန္ဒိယဝန်ကြီးချုပ်ရုံး ဝန်ကြီးMr. Ajit Kumar Doval၊ ဒုတိယကာကွယ်ရေးဝန်ကြီးMr. Shri Shripad Yesso Naik ၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat ၊ အိန္ဒိယ တပ်မတော်ရေတပ်ဦးစီးချုပ် Admiral Karambir Singh တို့အား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆက်လက်လုပ် ဆောင်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အခြေ အနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ကိစ္စရပ်များ၊ အိန္ဒိယသမ္မတနိုင်ငံ၏ Act East Policy အရ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးအတွက် ဆက်စပ်လျက်ရှိသည့် နိုင်ငံ များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ကAkash Officers Mess တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် Ghaziabad မြို့ရှိ Bharat Electro- nics Limited(BEL) သို့ သွားရောက်လေ့လာ ကြည့်ရှု ကြသည်။
အဆိုပါ Bharat Electronics Limited(BEL) ကို အိန္ဒိယနိုင်ငံ Bangalore မြို့၌ ၁၉၅၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာပစ္စည်းများထုတ်လုပ်သည့်အပြင် အခြားအီလက်ထရွန်နစ်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် စက်ရုံပေါင်းကိုးခု ရှိပြီး ပြည်ပနိုင်ငံများ၌လည်း ရုံးခွဲများဖွင့်လှစ်ထားရှိကာ ဆက်သွယ်မှုကွန်ရက်လုံခြုံရေး၊ မြေပြင်၊ ဝေဟင်နှင့်ရေကြောင်း ပိုင်နက်လုံခြုံရေးတို့တွင် လိုအပ်သည့် စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့မှ ဗာရာဏသီမြို့သို့ ထွက်ခွာကြပြီး ဗာရာဏသီမြို့၊ Lal Bahadur Shastri လေဆိပ်သို့ ရောက်ရှိကြရာ အိန္ဒိယ တပ်မတော်မှBrigadier Hukum Singh Bainsla,SM နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ သတင်းစဉ်

No comments:

Post a Comment