Thursday, July 25, 2019

လွှတ်တော်ရုံးများ၏၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ စုပေါင်းကျင်းပ





Image may contain: 9 people, people smiling, people standing and outdoor
နေပြည်တော် ဇူလိုင် ၂၄ 



လွှတ်တော်ရုံးများ၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် လွှတ်တော် ဝင်းအတွင်း၌ စုပေါင်းကျင်းပသည်။
ကံ့ကော်ပင်များ စိုက်ပျိုး
ရှေးဦးစွာ ၂၀၁၉ ခုနှစ် သစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့က သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို စိုက်ပျိုး ပေးကြသည်။
ဝန်ထမ်းများ စိုက်ပျိုး
ထို့နောက် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သပြေပင်၊ ကံ့ကော်ပင်၊ ခရေပင်၊ ငုစပ်ပင် နှင့် စိန်ပန်းပင်များကို စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment