Saturday, July 27, 2019

မြန်မာ - အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး

Image may contain: 6 people, people smiling, people sitting, table and indoor



နေပြည်တော် ဇူလိုင် ၂၆


အိန္ဒိယတပ်မတော်(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ၏ ဖိတ်ကြား ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အ¸ဝင်များနှင့်အတူ ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ အိန္ဒိယနိုင်ငံ ဗီဇာကာပတ်တနန်မြို့သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄၀ တွင် ရောက်ရှိကြသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် ၌ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။


တွေ့ဆုံဆွေးနွေး

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယအရှေ့ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Atul Kumar Jain တို့သည် အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။


ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။


ရေကြောင်းပိုင်နက်လုံခြုံရေး စုပေါင်းဆောင်ရွက်ရမည်
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အိန္ဒိယ အရှေ့ ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရေတပ်ပိုင်းဆိုင်ရာများ နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေကြောင်းပိုင်နက်လုံခြုံရေးအတွက် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက် ၍မရဘဲ ရေပိုင်နက်နယ်နိမိတ်ထိစပ်နေသည့်နိုင်ငံများ စုပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။


တိုပီဒိုထုတ်လုပ်နေမှု ကြည့်ရှုလေ့လာ

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး တိုပီဒိုထုတ်လုပ်သည့် Bharat Dynamics Limi-ted သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး စက်ရုံအတွင်း တိုပီဒိုထုတ်လုပ်နေမှု အခြေအနေ များအား လိုက်လံကြည့်ရှုလေ့လာကြသည်။


ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီဇာကာ ပတ်တနန်မြို့၏ ၁၅ ကီလိုမီတာအကွာရှိ Bheemunipatnam တောင်ကုန်းပေါ် တွင် တည်ထားကိုးကွယ်သည့် Thotlakonda Buddhist Complex သို့ သွားရောက်လေ့လာ ဖူးမြော်ကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Atul Kumar Jain က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

No comments:

Post a Comment