Thursday, July 25, 2019

(၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီးများအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ





Image may contain: one or more people and people standing
နေပြည်တော် ဇူလိုင် ၂၄


 

အာဆီယံအသင်း၏ နှစ်စဉ်ပုံမှန်ပြုလုပ် နေကျဖြစ်သော အဆင့်မြင့်အရာရှိကြီး များအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား နှစ်စဉ် အလှည့်ကျနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိရာ (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက် ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ(19th Senior Offi-cials Meeting on Transnational Crime and its Related Meetings -19th SOMTC)ကို နေပြည်တော်တွင် ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပ လျက်ရှိသည်။
19th SOMTC နှင့် ဆက်စပ် အစည်းအဝေးများ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးများ(Working Group Meetings)ကို ဇူလိုင် ၂၃ ရက်တွင် လည်းကောင်း၊ အဖွဲ့ခေါင်းဆောင်များ၏ မျက်နှာစုံညီအစည်းအဝေး( Plenary Session)နှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ညှိနှိုင်းအစည်းအဝေးများ (SOMTC +Dialogue Partners Consulta-tions)ကို ဇူလိုင် ၂၄ ရက်မှ ၂၆ ရက် အထိ လည်းကောင်း ကျင်းပသွားမည် ဖြစ်ရာ အစည်းအဝေးများ ဖွင့်ပွဲအခမ်း အနားအား ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီ တွင် နေပြည်တော် Horizon Lake View Hotel သဇင်ဆောင် Grand Ballroom (2) ၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်တို့က တက်ရောက် အဖွင့် အမှာစကားပြောကြားခဲ့ကြပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ(၁၀)နိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment