Thursday, July 25, 2019

ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး





Image may contain: 1 person, sitting and indoor
နေပြည်တော် ဇူလိုင် ၂၄ 



ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်သည် မြန်မာနိုင်ငံအတွင်း ယာဉ် အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပံ့ပိုး ကူညီလျက်ရှိသည့် Suu Foundation မှ အမှုဆောင်အရာရှိချုပ် Dr. Michael Marett-Crosby နှင့် အဖွဲ့အား ယနေ့တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဦးစား ပေးဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပစီးပွားရေး ကော်မရှင် United Nation Eco-nomic Commission for Europe (UNECE) Regulation no.22ပါ ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဋ္ဌာန်းချက် များကို ကိုးကားကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အမျိုး သားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် ၂၀၂၁-၂၀၃၀ ရေးဆွဲရေးဆိုင်ရာများ၊ Suu Foundation မှ ဆက်လက်အကူအညီ ပေးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment