Wednesday, July 31, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၁၉)တွင် အမှာစကားပြောကြား လိုအပ်သောမူဝါဒများကို မှန်ကန်စွာချမှတ်နိုင်ရန် အစိုးရအနေဖြင့် တိကျမှန်ကန်သည့် စာရင်းအင်းကို လိုအပ်




Image may contain: 3 people
နေပြည်တော် ဇူလိုင် ၃၀





စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်၀ရေး ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ က္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ နှင့် လိုက်လျောညီထွေရှိသော နိုင်ငံရေးနှင့် စီးပွားရေးစနစ်များ ချမှတ်ကျင့်သုံး ဆောင်ရွက်လျက်ရှိသော်လည်း တစ်ခုတည်း သော တူညီသည့် ရည်မှန်းချက်မှာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ရာ တွင် လည်းကောင်း၊ စီမံကိန်းများရေးဆွဲရာတွင် လည်းကောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ စီမံကိန်း များအား စောင့်ကြည့်အကဲဖြတ်ရာတွင်လည်းကောင်း အခြေခံ စာရင်းအင်း အချက်အလက်များခိုင်မာရေးသည် အရေးကြီး ကြောင်းကို နိုင်ငံအားလုံးက လက်ခံထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းနီးပါး စာရင်းများကောက်ယူခြင်း၊ စုစည်းခြင်း၊ စိစစ် ခြင်းနှင့် ထုတ်ပြန်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခိုင်မာသည့်ဥပဒေ၊ မူဘောင်များချမှတ် ဆောင်ရွက်လျက်ရှိ ပါကြောင်း။
ယခုလက်ရှိ မိမိတို့နိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ဗဟို ထိန်းချုပ်မှုလျှော့ချသည့် စာရင်းအင်းစနစ်ကို ပိုမိုအားကောင်း လာစေရန်နှင့် အရည်အသွေးရှိသည့် မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် ဖော်ဆောင်နိုင်ရန် ခေတ်စနစ်နှင့်ကိုက်ညီသော
မြန်မာနိုင်ငံစာရင်းအင်းဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ စတင်၍ ဥပဒေသက်ရောက်နေပြီဖြစ်ပါကြောင်း၊ စာရင်းအင်း နည်းဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ဆောင်ရွက်ထားပါကြောင်း၊ ဗဟို စာရင်းအင်းအဖွဲ့အနေဖြင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာရင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (NSDS)ကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်း၍ NSDS Action Plan udk Living Document အနေဖြင့် ထားရှိပြီး အသီးသီးအကောင်အထည်ဖော်ဆောင် လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယင်းကိစ္စများ ဆက်လက် ဆောင်ရွက်ရမည့် Clusters အဖွဲ့ဝင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်ကို တွေ့ရှိရ ပါကြောင်း။
ဇွန်လတွင် ထုတ်ပြန်နိုင်ခဲ့
မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း(၂၀၁၇)မှ ရရှိလာ သည့် အချက်အလက်များကို စိစစ်လေ့လာ၍ အဓိကညွှန်ကိန်း များ အစီရင်ခံစာ၊ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာနှင့် လူမှုစီးပွား ဆိုင်ရာ အစီရင်ခံစာများကိုထုတ်ပြန်ရန် လျာထားရာ၌ ၂၀၁၈ ခုနှစ် ဇွန်လတွင် အဓိကညွှန်ကိန်းများ အစီရင်ခံစာကို ထုတ်ပြန် ခဲ့ပြီးဖြစ်သကဲ့သို့ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော မူဝါဒများကို မှန်ကန်စွာချမှတ်နိုင်ရန် အစိုးရ အနေဖြင့် တိကျမှန်ကန်သည့် စာရင်းအင်းကို လိုအပ်လျက်ရှိပါ ကြောင်း၊ လိုအပ်လျက်ရှိသည့် စာရင်းအင်းအချက်အလက်များ ရှေ့နောက်ညီညွတ်မှုရှိရန်၊ အချိန်နှင့်တစ်ပြေးညီ ရရှိရန်၊ ယုံကြည် ကိုးစားနိုင်သော ခိုင်မာသည့်စာရင်းအင်းများဖြစ်ရန်နှင့် အရည် အသွေးပြည့်၀ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည် အသွေးပြည့်၀ရေးကော်မတီများအနေဖြင့် မိမိတို့၏ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ယုံကြည်ကိုးစားနိုင်သော ခိုင်မာသည့် စာရင်းအင်းများ၊ အရည်အသွေးပြည့်၀သော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ကောက်ယူရရှိရန် အားထုတ်ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။
Final Draft ပြီးစီးပြီဖြစ်
ကမ္ဘာနိုင်ငံအားလုံးတွင်လည်း နိုင်ငံတကာကတိကဝတ် များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင် အထည်ဖော်ဆောင်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံ၏အခြေအနေ နှင့်လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက်များကို ထည့်သွင်း ထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) (၂၀၁၈-၂၀၃၀)ကို အကောင်အထည်ဖော်ဆောင်ရာ၌ တိုးတက်မှု၊ ထိရောက်မှုများ ကို စောင့်ကြည့်အကဲဖြတ်နိုင်စေရန် အမျိုးသားညွှန်ကိန်း မူဘောင်တစ်ရပ် ပေါ်ထွက်လာစေရေး ဆောင်ရွက်ရာတွင် ယခု Final Draft ပြီးစီးပြီဖြစ်ပါကြောင်း၊ အဆိုပါမူကြမ်းတွင် ပါဝင် သော ညွှန်ကိန်း ၂၈၄ ခုတွင် SDG ပါဝင်မှု ၄၀ ရာခိုင်နှုန်း ရှိသည်ကို သိရှိရပါကြောင်း၊ အမျိုးသားညွှန်ကိန်း မူဘောင် ပေါ်ထွက်လာစေရေး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ၊ ဦးစီး ဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း။
ညှိနှိုင်းပူးပေါင်းဆောင်ရွက်
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရာတွင် ထိရောက် သည့် အောင်မြင်မှု ရှိ၊ မရှိကို ညွှန်ကိန်းများဖြင့် စောင့်ကြည့် အကဲဖြတ်ရန် အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ် အသီးသီးတွင် Data အချက်အလက်များနှင့် စာရင်းဇယားများ ကို မှတ်မှတ်သားသား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားòန်ကိန်းမူဘောင် ပေါ်ပေါက်ရေး၊ Data ရရှိနိုင်မှု နှင့် တွက်ချက်တိုင်းတာရေးကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီး ပါကြောင်း၊ စာရင်းအင်းထုတ်ပြန်ရာ၌ ညီညွတ်မျှတသော စာရင်းဖြစ်စေရန် စာရင်းကောက်ယူ စုဆောင်းရာတွင် Definition၊ Concepts များ တူညီရန် လိုအပ်သည့်အတွက် ဌာနအချင်းချင်း စာရင်းအင်းအချက်အလက်များကို မျှဝေ အသုံးပြု၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း။
မျက်ခြည်မပြတ်လေ့လာ
ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု များကြောင့် သဘာ၀ဘေးအန္တရာယ်များ ပိုမိုများပြားလာ သကဲ့သို့ ပိုမိုအင်အားပြင်းထန်လာသည်ကိုလည်း မြင်တွေ့ရ ပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အချက် အလက်များအပေါ် မူတည်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ သဘာ၀ဘေးစီမံခန့်ခွဲသူများအနေဖြင့် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘော သဘာ၀များကို မျက်ခြည်မပြတ်လေ့လာ၍ ရင်ဆိုင်တုံ့ပြန်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သဘာ၀ဘေးဆိုင်ရာ စာရင်းအင်းအချက် အလက်များကို ပြည့်စုံမှန်ကန်စွာဖြင့် ပြုစုထားရှိရန် လိုအပ် ပါကြောင်း။
အမျိုးသားစာရင်းအင်းစနစ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန် သည့်စာစောင်များတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အချက် အလက်များကို အသိအမှတ်ပြုလက်ခံ ထည့်သွင်းဖော်ပြနိုင်ရေး ဆောင်ရွက်နိုင်ရန်၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် မှုနှင့် ဝိုင်းဝန်းအဖြေရှာမှုကို အရှိန်မြှင့်ဆောင်ရွက်သွားနိုင်ရေး ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း။
မူဝါဒများချမှတ်နိုင်ရန် ထည့်သွင်း
အရည်အသွေးပြည့်၀၍ တိကျမှန်ကန်သော စာရင်းအင်း များကို ရရှိအသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့်ပြည်သူများ အကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား ယုံကြည်မှု တိုးမြင့်စေနိုင်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်း စနစ် အရည်အသွေးပြည့်၀မှသာ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုစီးပွားသုတေသန ဆောင်ရွက် သူများ အားလုံးအနေဖြင့် မူဝါဒများချမှတ်နိုင်ရန် ထည့်သွင်း စဉ်းစားရာတွင် မှန်ကန်တိကျသောအချက်အလက်များ ရရှိနိုင် မည်ဖြစ်ပါကြောင်း။
စာရင်းအင်းဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက် နေကြသည့် ဝန်ကြီးဌာနများအကြား၊ ဗဟိုအဆင့်နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရများအကြား စာရင်းအင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ယ္တရားကို အချိတ်အဆက်မိစွာ အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ကျင်းပသည့် အစည်း အဝေးတွင် အသေးစိတ်ဆွေးနွေးအကြံပြု တင်ပြကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စာရင်းအင်း နည်းဥပဒေထွက်ရှိရေး၊ စာရင်းအင်းမှန်ကန်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက်ရေးနှင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်း အင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က စာရင်းအချက် အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးဗဟို ကော်မတီနှင့် လုပ်ငန်းအဖွဲ့များအလိုက် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် တက်ရောက်လာကြသူများ က ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ စာရင်း အင်းဆိုင်ရာ လုပ်ငန်းအဖွဲ့များအလိုက် စာရင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်၀ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။
အမျိုးသားအဆင့်အတန်းတစ်ခုဖြစ်
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်၊ အကြံပြုချက်များ နှင့် စပ်လျဉ်း၍ စာရင်းအင်းအချက်အလက်မှန်ကန်မှုမှာ အမျိုးသားအဆင့်အတန်းတစ်ခု ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စာရင်းအင်းအချက်အလက် မှန်ကန်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်မှာ အရေးကြီးပါကြောင်းပြောကြား ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံစာရင်းအင်း ပညာအသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ သတင်းစဉ်

No comments:

Post a Comment