Saturday, June 1, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိ
Image may contain: 6 people, people standing and suit
နေပြည်တော် မေ ၃၁
အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နယူးဒေလီမြို့မှ နေပြည်တော်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာကြသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန် (ကောင်စစ်ရေးရာ) Shri Sanjiv Arora ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမား၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော် နှင့် တာဝန်ရှိသူများက နယူးဒေလီမြို့ Palam လေတပ်စခန်းလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြန်လည်ရောက်ရှိ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မွန်းလွဲပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊
ပည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sumit Seth နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment