Sunday, June 2, 2019

လူ့အခွင့်အရေးကို အလေးထားဖော်ဆောင်

Image may contain: text
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ လူအများ ရသင့် ရထိုက်သော လူ့အခွင့်အရေးများကို လေးစားလိုက်နာ ဆောင်ရွက်ပေး လျက်ရှိပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆောင်ရွက်ချက်များကို ကမ္ဘာ့ နိုင်ငံများနည်းတူသိရှိနိုင်အောင်  ပုံမှန်မပျက်ပေးပို့အစီရင်ခံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ် သည့်လုပ်ငန်းစဉ်  Universal Periodic Review - UPR ဒုတိယ အကျော့  အကြံပြုတိုက်တွန်းချက်များအား  ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် တတိယ အကျော့သုံးသပ်ခံယူရန်အတွက်  နိုင်ငံတော်၏ အစီရင်ခံစာမတင်သွင်းမီ ကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများက ရေတို၊ ရေရှည်အစီအစဉ် များချမှတ်၍ စနစ်တကျအကောင်အထည်ဖော်နေသည်။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက လက်ခံခဲ့သည့်  လူ့အခွင့်အရေးဆိုင်ရာ  အကြံပြုတိုက်တွန်းချက် ၁၆၆ ချက်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်ကဏ္ဍ ၁၂ ရပ်ကို ချမှတ်ကာ တာဝန်ခံဆောင်ရွက်ရမည့်ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများကို သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိရာ တာဝန်ခံဝန်ကြီးဌာန များနှင့်အဖွဲ့အစည်းများ၏တင်ပြချက်အရ အကြံပြုတိုက်တွန်းချက်ပေါင်း ၁၆၆ ချက်တွင် ဆောင်ရွက်ပြီး ၁၈ ချက်နှင့် ဆောင်ရွက်ဆဲ ၁၄၈ ချက်ရှိ သည်။

အကောင်အထည်ဖော်ရမည့်ကဏ္ဍများတွင် လူ့အခွင့်အရေး စာချုပ်များတွင်   ပါဝင်ချုပ်ဆိုရန် ၄၁ ရပ်၊    အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ခုနစ်ရပ်၊ ကုလသမဂ္ဂအခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင် ရွက်ရန် လေးရပ်၊  ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေး  ၁၉  ရပ်၊      စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ၁၂ ရပ်၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ဖော်ဆောင်ရေးနှင့် မြေသိမ်းမှု ၁၀ ရပ်၊ ကျား-မ တန်းတူရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက် ခံစားလွယ်သော အုပ်စုများကာကွယ်ရေး ၁၅ ရပ်၊ ခွဲခြားမှုမပြုရေး ၁၅ ရပ်၊ ကျန်းမာရေးနှင့် ပညာရေး ၁၃ ရပ်၊  ဘာသာပေါင်းစုံချစ်ကြည်ရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ၁၈ ရပ်၊ နိုင်ငံသား စိစစ်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာပြောင်းရွှေ့နေရသူများနှင့်  လူကုန်ကူး ခြင်း ခုနစ်ရပ်၊ အပစ်အခတ်ရပ်စဲရေးနှင့်  အမျိုးသားပြန်လည်ရင်ကြား စေ့ရေး ငါးရပ်တို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ လှူအခွင့်အရေးမြှင့်တင် ရေးကို  အလေးထားဆောင်ရွက်လျက်ရှိရာ  ဖော်ပြပါလှူအခွင့်အရေး အခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ  ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။    လှူအခွင့်အရေးအခြေအနေများ တိုးတက်မြှင့်တင်ဖော်ဆောင်နိုင်မှသာလျှင် မြန်မာနိုင်ငံအနေဖြင့် လက်ရှိ ကြုံတွေ့နေရသော နိုင်ငံတကာမှ စွပ်စွဲပြောဆိုမှုများ၊ ကုလသမဂ္ဂတွင် အစီရင်ခံစာတင်သွင်းမှုများကို မှန်ကန်မှုမရှိကြောင်း ချေဖျက်ဖော်ထုတ် ပြသနိုင်မည် ဖြစ်သည်။

အထူးသဖြင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စွပ်စွဲပြောဆိုမှု များရှိနေပြီး အခြားကဏ္ဍအချို့၌လည်း မမှန်မကန်ပြောဆိုမှုများရှိနေ၍ လှူအခွင့်အရေးနှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် နိုင်ငံတကာက လက်ခံ နိုင်သည့် ရှင်းလင်းတင်ပြမှုမျိုးဖြစ်စေရန် ခြေခြေမြစ်မြစ် တိတိကျကျ မှန်မှန်ကန်ကန်  ကျစ်ကျစ်လျစ်လျစ်    အစီရင်ခံနိုင်အောင်    ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ  ဖော်ပြပါလုပ်ငန်းစဉ်များသည်   မြန်မာနိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ဖော်ဆောင်ပေးမည့်လုပ်ငန်းဖြစ်၍   အရေးကြီးသောလုပ်ငန်း များဖြစ်သည်။ မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်မှု၊ အောင်မြင်မှုကို ကမ္ဘာကသိအောင် စနစ်တကျဖော်ထုတ်ပြသခွင့်ရမည့်အခွင့်အရေး   ဖြစ်သဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။      ။


No comments:

Post a Comment