Monday, June 3, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိ်ုင်ငံသို့ ရောက်ရှိ
Image may contain: 7 people, people smiling, people standing, wedding and suit
ချက် ဇွန် ၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ဇွန် ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် သံရုံး မှ တာဝန်ရှိသူများက သုတဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ရောက်ရှိ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဘန်ကောက်မြို့မှ တစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ ဒေသ စံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် ချက်သမ္မတနိုင်ငံ Prague မြို့သို့ ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့အား ချက်သမ္မတနိ်ုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးH.E. Mr. Daroslav Dolecez နှင့် တာဝန်ရှိသူများက ချက်နိုင်ငံ ဏမေါကန အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။ (ယာပုံ)
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် Prague မြို့ရှိ Lichtenstein Palace အစိုးရ ဧည့်ဂေဟာသို့ ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment