Monday, June 3, 2019


ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒါစရိယဆရာတော်ကြီးများ၏ အသိအမှတ်ပြုလက်မှတ်များ
ဆက်ကပ်လှူဒါန်းသည့် မဟာမင်္ဂလာအခမ်းအနားများ ကျင်းပ
Image may contain: 2 people, people sitting and indoor
ရန်ကုန် ဇွန် ၂
ပန်းတစ်ပွင့်တောင် ထီးတော်သစ် တင်လှူပွဲအခမ်းအနား၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသား သစ်ကြိုဆိုပွဲအခမ်းအနားနှင့် ဗုဒ္ဓ သာသနာပြုတက္ကသိုလ်၏ သြဝါဒါ စရိယဆရာတော်ကြီးများအား အသိ အမှတ်ပြုလက်မှတ်များ ဆက်ကပ် လှူဒါန်းသည့် မဟာမင်္ဂလာအခမ်း အနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် ပန်းတစ်ပွင့်တောင် ဗုဒ္ဓ သာသနာပြုတက္ကသိုလ်၌ ကျင်းပ သည်။
ကိုးပါးသီလ ခံယူဆောက်တည်

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် သန်လျင် မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒ္တစန္ဒိမာဘိဝံသ ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်ကပ်လှူဒါန်း
အခမ်းအနားတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ သြဝါဒါစရိယ ဆရာ တော်ကြီးများအား အသိအမှတ်ပြု လက်မှတ်များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် စကြာရှင်ဇမ္ဗူအေး တစ်ဆယ့်တစ်မီးငြိမ်း စေတီတော် မြတ်ကြီး ထီးတော်သစ်အတွက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်များ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် တက္ကသိုလ်၏ သြဝါဒါ စရိယဆရာတော်ကြီးများ ကိုယ်စား တက္ကသိုလ်၏ သြဝါဒါစရိယ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ဝင် ရေစကြိုဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒဉာဏိန္ဒသာရထံမှ သြဝါဒ ကထာ နာယူကြသည်။
ထို့နောက် ပန်းတစ်ပွင့်တောင် ဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိက ဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒ္တ ပညာသာရက ကျေးဇူးတင်ဝမ်းမြောက် စကား ြွမက်ကြားချီးမြှင့်သည်။
အနုမောဒနာတရားနာကြား
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများကို လျှောက်ထားပြီး ြွကရောက်တော် မူလာကြသည့် ဆရာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ အဓိ ပတိ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစိန္တလင်္ကာရထံမှ အနု မောဒနာတရားနာကြား၍ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
တက်ရောက်
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment