Thursday, June 6, 2019


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ သမ္မတ Mr. Milos Zeman နှင့်တွေ့ဆုံ
Image may contain: 4 people, people standing and shoes
ဘူဒါပတ်စ် ဇွန် ၅
ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံသမ္မတ Mr. Milos Zeman နှင့် ဇွန် ၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ပရာ့ဂ်မြို့ရှိ သမ္မတရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံသွားရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပရာ့ဂ်မြို့ရှိ အမျိုးသား ပြတိုက်၌ ကျင်းပသည့် "မြန်မာ့အလှ"ဓာတ်ပုံပြပွဲဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ဓာတ်ပုံပြပွဲတွင် ပြသထားသည့် မြန်မာနိုင်ငံ၏ သဘာဝတောတောင်အလှဓာတ်ပုံများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအား ရိုက်ကူးထားသည့် ဓာတ်ပုံများကို လိုက်လံကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှ ဟန်ဂေရီနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ ကြရာ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Martin Tlapa ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ချက်နိုင်ငံသံအမတ်ကြီး Mr. Jaroslav Dolecek နှင့် တာဝန်ရှိသူများက ပရာ့ဂ်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ဟန်ဂေရီနိုင်ငံသို့ရောက်ရှိကြရာ ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန Deputy State Secretary Mr. Laszlo Varadi ၊ ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေး၊ မြန်မာ နိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံသံအမတ်ကြီး Mr. Szilves Zter Bus၊ အာရှ ပစိဖိတ်ရေးရာòန်ကြားရေးမှူးချုပ် Mr. Peter Jakab ၊ သံတမန်ရေးရာ òန်ကြားရေးမှူးချုပ် Ms.Edina Pas Ztor နှင့် ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဘူဒါပတ်စ်မြို့ရှိ ခေတ္တတည်းခိုမည့် Kempinski ဟိုတယ်သို့ ရောက်ရှိကြသည်။
သတင်းစဉ်

No comments:

Post a Comment