Thursday, June 6, 2019


ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဥရောပသမဂ္ဂသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting and indoor
နေပြည်တော် ဇွန် ၅ 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ကြီး Mr.Kristian Schmidt နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ဆွေးနွေး
တွေ့ဆုံစဉ် စိုက်ပျိုးရေးဖွံ့ဖြိုးတိုး တက်မှု မဟာဗျူဟာ (ADS) လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် EU မှ ပူးပေါင်း ဆောင်ရွက်မှု၊ ဝန်ကြီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာ ကဏ္ဍ၊ ကျေးလက်ဒေသ ကဏ္ဍ၊ အာဟာရကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် EU ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများ၊ ကျေးလက်နေပြည် သူများ၏ ဝင်ငွေတိုးမြင့်ရေး၊ အာဟာရ ပြည့်ဝပြီး ဘေးကင်းလုံခြုံစိတ်ချ ရသည့် အစားအစာများဖြစ်စေရေး ဆောင်ရွက်နေမှု၊ ကဏ္ဍပေါင်းစုံ ပါဝင် သော အမျိုးသားအာဟာရဆိုင်ရာ စီမံကိန်း၏ အာဟာရပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူချော မွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စီမံကိန်း အစီအစဉ်များ ရေးဆွဲခြင်း၊ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ထိရောက်သော စီမံခန့်ခွဲမှု၊ လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာ စေရေး၊ တာဝန်ခံနိုင်မှု၊ ပွင့်လင်းမြင်သာမှုများဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment