Thursday, June 6, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ တတိယအကြိမ်မြောက် မြန်မာ-အီးယူစီးပွားရေးဖိုရမ်ဖွင့်ပွဲ တက်ရောက် မိန့်ခွန်းပြောကြား
Image may contain: 1 person
နေပြည်တော် ဇွန် ၅
တတိယအကြိမ်မြောက် မြန်မာ-အီးယူစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက် ရောက်မိန့်ခွန်းပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ဦးစိုးဝင်း၊ ဦးဟန် ဇော်နှင့် ဦးအုန်းမောင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှ ထွန်းနှင့် ဒေါက်တာထွန်းနိုင်၊ ပြည်သှူ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ Mr. Kristian Schmidt ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် ဥရောပသမဂ္ဂ ကုန်သည်ကြီး များအသင်းမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူ များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာ-အီးယူစီးပွားရေးဖိုရမ် ကို ယခုကဲ့သို့ တတိယ အကြိမ်မြောက် ကျင်းပ နိုင်ခြင်းသည် မြန်မာနိုင်ငံနှင့် အီးယူအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာရေးအတွက် ဆန္ဒပြင်းပြမှုရှိသည်ကို ထင်ဟပ်ပြသလျက်ရှိပါကြောင်း။
ဘက်စုံဖွံ့ဖြိုးတိုးတက်
ဖိုရမ်ကျင်းပရန်အတွက် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးသည့် ဥရောပသမဂ္ဂကုန်သည် ကြီးများအသင်းနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကို မိမိအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ယခုဖိုရမ်သည် အီးယူနိုင်ငံများက ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်းမွန်ဆုံးသော အခွင့်အလမ်းများကို သေချာရေရာအောင် မျှဝေပေးနိုင်မည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးကိုလည်း အထောက်အကူ ပြုပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများကို ချိတ်ဆက်ပေးနိုင် သည့် ပထဝီဝင်အနေအထားအရ မဟာ ဗျူဟာ အချက်အချာနေရာတွင် တည်ရှိနေပါ ကြောင်း၊ လူဦးရေအတန်အသင့်ရှိပြီး ပြည်တွင်းဈေးကွက် ကျယ်ပြန့်လာနေသည့် မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတ ကာ ဈေးကွက်များကို ချိတ်ဆက်ပေးခြင်းအားဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ကျယ်ပြန့်လာစေ မှုကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံကြသည့် အဓိကလုပ်ငန်းများမှာ ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ လျှပ်စစ် ဓာတ်အားလုပ်ငန်းများ၊ သတင်းအချက် အလက်ဆက်သွယ်ရေး လုပ်ငန်းများ၊ ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများဖြစ်သည်ကို တွေ့မြင်နိုင်ပါ ကြောင်း၊ ယင်းလုပ်ငန်း များသည် ဈေးကွက် ပိုမိုရရှိရန် အလားအလာကောင်းသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့အပြင် ရင်းနှီး မြှုပ်နှံသူများနှင့် ဒေသခံလှူအဖွဲ့အစည်းများ အတွက် များစွာအကျိုးရှိနိုင်သည့် အခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများလည်း ကျန်ရှိနေသေး ပါကြောင်း။
ဈေးကွက်စီးပွားရေးစနစ်
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ပြီး စီးပွားရေး မဟာဗျူဟာများ အပါအဝင် နိုင်ငံတော်အဆင့် ဦးစားပေး ကဏ္ဍများကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သော ဈေးကွက်စီးပွားရေးစနစ်နှင့် အမျိုးသား ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် စီးပွားရေးမူဘောင် ဖြစ်ထွန်းစေရေးတို့ကို ဦးစားပေးထားသည့် စီးပွားရေးမူဝါဒ (၁၂) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင်၂၀၃၀ ပြည့်နှစ် အစီအစဉ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် များကို အကောင် အထည်ဖော်ရန်နှင့် ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည် လာရေးတို့ကိုမျှော်မှန်းပြီး မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP )ကို မဏ္ဍိုင် ၃ ရပ်၊ ပန်းတိုင် ၅ ခုတို့ဖြင့် ရေးဆွဲ ချမှတ်ကာ ၂၀၁၇ ခုနှစ်မှစတင်၍ ဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် က္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် အပေါ် ကြိုးပမ်းဆောင်ရွက်မည်ဟု သန္နိဋ္ဌာန် ချမှတ်ထားရှိမှုကို Myanmar Sustainable Development Plan (MSDP) က ရှင်းလင်းပြတ်သားစွာ ဖော်ပြလျက်ရှိပါ ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင် နိုင်ရေးအတွက် ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ၏ ပူးပေါင်းဆောင်ရွက်မှု၊ အားပေးထောက်ခံ မှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင် နိုင်ရန်အတွက် ယှဉ်ပြိုင်မှုဥပဒေသစ်ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ မြန်မာကုမ္ပဏီများ ဥပဒေ သစ်ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မြန်မာကုမ္ပဏီများ ဥပဒေသစ်အရ ကုမ္ပဏီများအနေဖြင့် ဥညူငညန က မှတ်ပုံတင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲမှုများကြောင့် ကုမ္ပဏီ များအနေဖြင့် မှတ်ပုံတင်ရာတွင် လွယ်ကူစေ မည့်အပြင် ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာမှု၊ ဖြေလျှော့ပေးမှုနှင့် အာမခံချက်ရှိမှုတို့ကို ပိုမိုပေးထားသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ရရှိစေပြီး ပိုမို လုပ်သာကိုင်သာ ရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်တွင်းကုမ္ပဏီတစ်ခုတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပြီး လက်လီလက်ကား ရောင်းဝယ်ရေးတွင် နိုင်ငံခြားသားပိုင် ကုမ္ပဏီများကို ၁၀ဝ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် ပေးထားပါကြောင်း။
မှတ်တိုင်တစ်ခုဖြစ်
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အတွက် အာမခံချက် ပိုမိုရရှိစေရန် နိုင်ငံခြား ကုမ္ပဏီငါးခုအား အာမခံလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်းကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်တွင် ကြေညာခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလက တရားဝင်စတင်ခဲ့သည့် အာမခံ ဈေးကွက် လွတ်လပ်မှုဆိုင်ရာ ရွေးချယ်ခြင်း လုပ်ငန်းစဉ်အတွက် မှတ်တိုင်တစ်ခုဖြစ်ပါ ကြောင်း။
ထိုသို့ သိသာထင်ရှားသည့် ပြုပြင်ပြောင်း လဲမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် တို့တွင် တိုးတက်နိုင်မည်ဟု မျှော်မှန်းထားပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုသည် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆ ဒသမ ၈ ရာခိုင် နှုန်းထိရှိနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါကြောင်း။
ထို့ပြင် ၂၀၁၉ ခုနှစ် ဧပြီလအထိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေ ရိကန်ဒေါ်လာ ၈၀၁၅၀ ဒသမ ၄၇၂ သန်းရှိပါ ကြောင်း၊ နိုင်ငံပေါင်း ၄၉ နိုင်ငံက ကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍသုံးခုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ၂၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ စွမ်းအင် ၂၆ ဒသမ ၄၂ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှု အပိုင်းမှ ၁၃ ဒသမ ၅၆ ရာခိုင်နှုန်းတို့ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံနှင့် အီးယူကုန်သွယ်မှု ပမာဏအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၇ ဘီလီယံ ဖြစ်သည့်အတွက် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၈၀ဝ ကျော် တိုးတက်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အတွင်းတွင်လည်း ဆက်လက်တိုးတက်လာ နေသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ တွင် အီးယူ၏ လာရောက်ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလအထိ မှတ်ပုံတင် ခွင့်ပြုပြီး ကုမ္ပဏီပေါင်း ၁၅၈ ခု၊ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၈၇ ဘီလီယံရှိပြီး မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး၏ ၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
သာယာဝပြောမှုကို မျှဝေ
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် အီးယူ ၏ အကောက်ခွန်သက်သာခွင့် ရရှိခဲ့ပြီး နောက် မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍ ထုတ်လုပ်မှု တိုးတက်လာခဲ့ပါကြောင်း၊ မြန်မာ့ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အတွက် သာယာဝပြောမှုကို မျှဝေပေးနိုင်လာပါ ကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံကို Generalized Scheme of Preferences(GSP) အကျိုးကျေးဇူး ခံစားခွင့်ပေးထားခြင်းကြောင့် ဖြစ်ပါကြောင်း။
အီးယူ၏ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံ မှုများကို နွေးထွေးစွာကြိုဆိုပါကြောင်း၊ ယခု ကျင်းပပြုလုပ်သည့် ဖိုရမ်တွင် ပြည့်စုံသည့် အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်အရှိန် မြှင့်တင်ဆောင်ရွက်သွားနိုင်ပါစေဟု ဆန္ဒပြု ပါကြောင်း။
သိရှိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ နှင့်အီးယူအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အကျိုးကျေးဇူးများ အပြန်အလှန် ရရှိရေးကို မြှင့်တင်ရန်အတွက် မြန်မာ- အီးယူ ကုန်သွယ်မှု အကူအညီပေးရေးကောင်တာ (Myanmar-EU Trade Helpdesk) ကိုလည်း ၂၀၁၆ ခုနှစ် မေလတွင် တရားဝင် တည်ထောင်ခဲ့ပါကြောင်း၊ အဆိုပါ အကူအညီ ပေးရေးကောင်တာက အီးယူဈေးကွက်ဆိုင်ရာ အချက်အလက်များ အထူးသဖြင့် အီးယူ ဈေးကွက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်း များ၊ မြန်မာ့ထုတ်ကုန် အချက်အလက်များနှင့် ပို့ကုန်မြှင့်တင်ရေး လမ်းòန်များဆိုင်ရာ သတင်းအချက်အလက်များကို ထောက်ပံ့ ပေးနေပါကြောင်း။
ယခုကျင်းပမည့် ဖိုရမ်သည် မြန်မာနိုင်ငံ နှင့် အီးယူနိုင်ငံများအကြား စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုအား ကောင်းလာစေမည့်အပြင် မြန်မာပြည်သူ များအတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနှင့်အီးယူတို့ အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက် မှုများ အရှိန်ကောင်းကောင်းဖြင့် ဆက်လက် တိုးတက်ပြီး ယနေ့ကျင်းပမည့်ဖိုရမ်မှ ထင်သာ မြင်သာရှိသည့် ရလဒ်ကောင်းများ ပေါ်ထွန်း လာပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါ ကြောင်း ပြောကြားသည်။
အခွင့်အလမ်းများဖန်တီး
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး DMr. Kristian Schmid က တတိယအကြိမ်မြောက် မြန်မာ-အီးယူစီးပွားရေးဖိုရမ်ကို ကျင်းပရခြင်း သည် မြန်မာနိုင်ငံနှင့် အီးယူတို့အကြား ကြီးမားသောအခွင့်အလမ်းများကို ဖန်တီးပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အတွေ့အကြုံ ကောင်းများကို အပြန်အလှန်ဖလှယ်နိုင်ခြင်း မှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထောက်အကူဖြစ် စေရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်၊ မြန်မာကုမ္ပဏီများ ဥပဒေသစ်နှင့် ငွေကြေးဈေးကွက်စသည်တို့အား ဖြေလျှော့ ပေးခြင်းကဲ့သို့သော မြန်မာနိုင်ငံတော်အစိုးရ၏ အောင်မြင်မှုများအား အသိအမှတ်ပြုပါ ကြောင်း၊ မိမိအနေဖြင့် အီးယူကုမ္ပဏီများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံ သွားကြရန် တိုက်တွန်းအားပေးလျက်ရှိပါ ကြောင်းနှင့် အီးယူအနေဖြင့် မြန်မာနိုင်ငံ၏ မူဝါဒရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ကူညီပေးနိုင်မည့် စံပြမိတ်ဖက်အဖွဲ့အစည်း တစ်ခုအနေဖြင့် ရပ်တည်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်ကျင်းပ
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာ နိုင်ငံဆိုင်ရာဥရောပသမဂ္ဂမှ သံမှူးကြီး D Mr. Philipp Dupuis နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက်တို့က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် တတိယအကြိမ်မြောက် မြန်မာ-အီးယူစီးပွားရေးဖိုရမ်၏ ဆွေးနွေးပွဲများ ကို အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက် ကျင်းပရာ နယ်ပယ်ကဏ္ဍအသီးသီးမှ ပညာ ရှင်များ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် အခန်း ကဏ္ဍများ၊ ကျန်းမာရေး၊ အထည်ချုပ်လုပ်ငန်း၊ မော်တော်ယာဉ် ဘေးကင်းလုံခြုံမှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ဆောက်လုပ်ရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဥပဒေရေးရာ၊ စားသောက်ကုန်၊ မြန်မာ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လက်ရှိစီးပွားရေး အစပြုလှုပ်ရှားမှု စသည့်ကဏ္ဍများနှင့် ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ တီထွင် ဆန်းသစ်မှုများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ် မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment