Thursday, June 6, 2019


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting and suit
နေပြည်တော် ဇွန် ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံကာကွယ်ရေး စက်မှု လက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲ Mr.Xu Zhanbin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။ (ယာပုံ)
ဆွေးနွေးတွေ့ဆုံစဉ် တပ်မတော်နှစ်ရပ် အကြား စစ်ဘက်နည်းပညာများနှင့် အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက် ခိုင်မာစေသည့်အခြေအနေ၊ စစ်ဘက် ဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက် မှုမှတစ်ဆင့် နိုင်ငံနှင့် ပြည်သူများ အတွက် အကျိုးပြုနိုင်သည့် နည်းပညာများကိုပါ ဆောင်ရွက် နိုင်မည့် အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment