Wednesday, June 5, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေတရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 2 people, people smiling, people standing, suit and indoor
နေပြည်တော် ဇွန် ၄
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သှူသမ္မတနိုင်ငံ ယူနန်ပြည်နယ်တို့အကြား ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား စီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်သွားနိုင်မည့်ကဏ္ဍများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ပူးပေါင်းဆောင်ရွက်
ထို့ပြင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား နယ်စပ်စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေးအတွက် ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ၊ လျှပ်စစ်၊ သတ္တု၊ နည်းပညာ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment