Wednesday, June 5, 2019


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း DRI အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 10 people, people smiling, people standing
နေပြည်တော် ဇွန် ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Democracy Reporting International (DRI) \ Director of Programmes, Ms. Nicola Schmidt နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။တွေ့ဆုံစဉ် DRI အဖွဲ့မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ရွေးကေက်ပွဲစောင့်ကြည့်လေ့လာရေး နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့ပေးရန် စီစဉ်ထားရှိမှု၊ Myanmar Democracy Fellowship သင်တန်းများဖွင့်လှစ်ပို့ချနေမှု၊ ရွေးကောက်ပွဲ သိမှတ်ဖွယ်ရာ Mobile Application တည်ဆောက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲကာလ လူမှုကွန်ရက်ပေါ်တွင် အမုန်းစကားများစောင့်ကြည့်လေ့လာနိုင်မည့် နည်းလမ်းများနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment