Saturday, June 1, 2019



ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကိုရီးယားသမ္မတနိုင်ငံ ဂျယ်ဂျူးမြို့၌
ပြုလုပ်သည့် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်သို့ တက်ရောက်
Image may contain: 6 people, people smiling, people standing
နေပြည်တော် မေ ၃၁
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Jeju Free International City Development Center တို့မှ ကြီးမှူး၍ ကိုရီးယားသမ္မတနိုင်ငံ ဂျယ်ဂျူးမြို့ International Convention Center (ICC) ၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ် (14th Jeju Forum for Peace & Prosperity 2019) သို့ မေ ၂၉ ရက်မှ ၃၀ ရက်အထိ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲ အခမ်းအနား
ပြည်ထောင်စုဝန်ကြီးသည် မေ ၂၉ ရက် ညနေပိုင်းတွင် ဂျယ်ဂျူး အုပ်ချုပ် ရေးမှူး (Governor) Mr. Won Heeryong က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် မေ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဖွင့်မိန့်ခွန်းပြောကြား
ပြည်ထောင်စုဝန်ကြီးသည် မေ ၃၀ ရက် မွန်းလွဲပိုင်းတွင် New Southern Policy, Achievements and Challenges over the Past Two years: In the Aspect of Foreign and Security Policy ခေါင်းစဉ်ဖြင့် သီးသန့်ဆွေးနွေးပွဲ၌ Keynote Speaker အဖြစ် အဖွင့် မိန့်ခွန်းပြောကြားသည်။
ပူးပေါင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးက အဖွင့် မိန့်ခွန်းပြောကြားရာတွင် ကိုရီးယား သမ္မတနိုင်ငံ၏ New Southern Policy ၏ အကျိုးရလဒ်များ၊ အာဆီယံ-ကိုရီးယား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်းဂျေအင်းအစိုးရ၏ ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံ အနေဖြင့် အစဉ်အမြဲအားပေး ထောက်ခံလျက်ရှိသည်များ၊ မြန်မာ နိုင်ငံ၌ ကိုရီးယားစီးပွားရေး ကုမ္ပဏီ များ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားရေး ကိစ္စရပ်များ၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွား ရေးကိစ္စရပ်များကို ထည့်သွင်း ပြောကြားခဲ့သည်။
(၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ် သို့ သြစတြီးယားနိုင်ငံ သမ္မတဟောင်း Mr. Heiz Fischer ၊ သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ; Mr. Malcolm Trunbull ၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Yukio Hatoyama ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr. Li Zhaoxing ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟောင်း Mr. Marty Natalegawa ၊ အာဆီယံအတွင်းရေးမှူးချုပ် Dato f Lim Jock Hoi တို့လည်း တက်ရောက်ခဲ့သည်။
မေ ၃၀ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပ မည့် (၂၅)ကြိမ်မြောက် အာရှ အနာဂတ်ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ 25th International Conference on Future of Asi သို့ တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment