Saturday, June 1, 2019



မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation-HSF တို့အကြား နားလည်မှုစာချွန်လွှာ သက်တမ်းတိုးလက်မှတ်ရေးထိုး
Image may contain: 4 people, people sitting, table and indoor
နေပြည်တော် မေ ၃၁
မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation-HSF တို့အကြားချုပ်ဆိုသည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည် မှုစာချွန်လွှာသက်တမ်းတိုး (MoU) လက်မှတ်ရေးထိုးပွဲကို ယနေ့ မွန်းလွဲ ၂နာရီတွင် လွှတ်တော်ရေးရာဆောင် I-9 ၌ ကျင်းပသည်။ 
လက်မှတ်ရေးထိုးပွဲသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ -JCC ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် -JCC အဖွဲ့ဝင်များ၊ Hanns Seidel Foundation-HSF မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ရှေးဦးစွာ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး Hanns Seidel Foundation-HSF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Mr. Achim Munz က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
ယင်းနောက် နားလည်မှုစာချွန်လွှာ (MoU)အား ပြည်ထောင်စုလွှတ်တော် òန်ကြားရေးမှူးချုပ် JCC အဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးနှင့် Hanns Seidel Foundation-HSF မှ ဌာနေကိုယ်စားလှယ် Mr. Achim Munz တို့က လက်မှတ်ရေးထိုးကြ သည်။
သတင်းစဉ်

No comments:

Post a Comment