Monday, June 3, 2019

အီဒလစ်ပြည်နယ်တွင်းရှိ သူပုန်များသိမ်းယူထားသည့် မြို့တစ်မြို့အား ရုရှားလေကြောင်းမှ စီးနင်းတိုက်ခိုက်
Image may contain: one or more people and outdoor
ဒမတ်စကတ် ဇွန် ၂
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အီဒလစ်ပြည်နယ် ကျေးလက်ဒေသအပိုင်းရှိ သူပုန်များ သိမ်းယူထားသည့် မြို့တစ်မြို့အား ရုရှားလေကြောင်းက ဇွန် ၁ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားပြည်တွင်းစစ် စောင့်ကြည့်လေ့လာသည့် အဖွဲ့တစ်ဖွဲ့က သတင်းထုတ်ပြန် သည်။
အီဒလစ်ပြည်နယ် ကျေးရွာအလက်ပိုင်းရှိ ခန်ရှစ် ဟွန်မြို့အား ရုရှားလေကြောင်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးကာ လူလေးဦး ဒဏ်ရာရခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားသည်။
အီဒလစ်ပြည်နယ် တောင်ပိုင်းဒေသနှင့် အီဒလစ် ပြည်နယ်၏ မြောက်ပိုင်းဒေသအနီးရှိ ဟာမာပြည်နယ်တို့ တွင် ဆီးရီးယားအစိုးရ တပ်ဖွဲ့များနှင့် သူပုန်များအကြား အမြောက်အမြားဖြင့် ပစ်ခတ်မှုများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်တွင် ရုရှားစစ်လေယာဉ်များ၏ စီးနင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းလေကြောင်းမှ တိုက်ခိုက်မှုနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သည့် အတည်ပြုမှု ထွက်ပေါ်လာခြင်း မရှိပေ။
ဟာမာပြည်နယ်နှင့် အီဒလစ်ပြည်နယ်တွင်းရှိ ကျေးလက်ဒေသများနှင့် အလက်ပိုပြည်နယ် အနောက် ပိုင်းဒေသများသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ရုရှားနှင့် တူရကီတို့ ရရှိခဲ့သော သဘောတူညီမှုအရ တင်းမာမှုများ လျှော့ချရေးဇုန်အတွင်း၌ ပါဝင်ကြသည်။
အီဒလစ်၊ ဟာမာနှင့် အလက်ပိုပြည်နယ်များ၏ ကျေးလက်ဒေသများနှင့် လာတာတီယာပြည်နယ်၏ တောင်တန်းဒေသများတို့ ပေါင်းစပ်တည်ရှိသည့် တင်းမာ မှုလျှော့ချရေးဇုန်အတွင်းမှ သူပုန်တပ်ဖွဲ့များ ဆုတ်ခွာရ မည့်အစား အယ်လ်ခိုင်ဒါ အဖွဲ့နှင့် ဆက်စပ်မှုရှိသည့် ဟေယက်မာရီရာ အယ်လ်-ရှမ် (အိတ်ချ်တီအက်စ်) လက်နက်ကိုင်အုပ်စုက အီဒလစ်ပြည်နယ်အတွင်း နယ်မြေချဲ့ထွင်ခြင်းနှင့် ဆီးရီးယားအစိုးရ တပ်ဖွဲ့စခန်းများ အား တိုက်ခိုက်ခြင်းကဲ့သို့သော အကြောင်းအရာများ ဖြစ်ပေါ်လာခြင်းကြောင့် တူရကီနှင့် ရုရှားတို့ ရရှိခဲ့သည့် သဘောတူညီမှုမှာ အောင်မြင်ခြင်းမရှိခဲ့ပေ။
တင်းမာမှုလျှော့ချရေးဇုန်အဖြစ် သတ်မှတ်ထား သော ဒေသအတွင်း၌ စစ်ဆင်ရေးများကို ၂၀၁၉ ခုနှစ် ဧပြီလ အနှောင်းပိုင်းတွင် ပြန်လည်စတင်ခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment