Monday, June 3, 2019


ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ မြောက်ကိုရီးယားအရေး တွေ့ဆုံဆွေးနွေး

Image may contain: 3 people, people smiling, suit
စင်ကာပူ ဇွန် ၂
ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများသည် ဇွန် ၂ ရက်က စင်ကာပူ နိုင်ငံတွင် မြောက်ကိုရီးယားနိုင်ငံအရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းသုံးနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံတွင် အဏုမြူလက်နက်ဖျက်သိမ်း ရေးကိ်စ္စရပ်အပေါ် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဟု ထပ်လောင်းအတည်ပြုကြမည်ဟု ယုံကြည်ရကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး တာကာရီ အီဝါယာ သည် အမေရိကန်ယာယီ ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်နှင့် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဂျုံကရောင်ဒူးတို့နှင့် ဇွန် ၂ ရက်က တစ်နာခွဲခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံမှုကို စင်ကာပူတွင် ကျင်းပနေသည့် အာရှဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေး၏ ပြင်ပတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သုံးနိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးက မြောက်ကိုရီးယားနိုင်ငံ က ဒုံးကျည်များနှင့် အဏုမြူလက်နက်များ စွန့်လွှတ်ရေး အစီအစဉ်အတွက် ခိုင်မာသော ခြေလှမ်းများ စတင်ခြင်းမရှိ သေးကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လအတွင်းက မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့သည့် တာတိုပစ် ဒုံးကျည်များ စမ်းသပ်ပစ်ခတ်မှုသည် ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံက ရှင်းလင်းစွာရှုမြင် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေး၌ ဆွေးနွေးခဲ့ကြ သည့် အကြောင်းအရာ အသေးစိတ်ကို မသိရှိရသော်လည်း သုံးနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများက မြောက်ကိုရီးယား ၏ အဏုမြူလက်နက်ဖျက်သိမ်းရေး အလုံးစုံအောင်မြင် ရန်နှင့် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးရရှိရေး အတွက် သံတမန်ရေးအရအားထုတ် လုပ်ဆောင်မှုများကို ထောက်ခံသွားရန်နှင့် ယင်းအရေးနှင့်ပတ်သက်၍ သုံးနိုင်ငံ နီးကပ်စွာ အတူတကွ လုပ်ဆောင်ကြရန် အတည်ပြု ကြောင်း ယုံကြည်ရသည်။
သုံးနိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး မပြုလုပ်မီ ဇွန် ၁ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးနှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတို့ အလွတ် သဘောတွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး၌ တင်းမာမှု များရှိနေစဉ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အင်န်အိတ်ချ်ကေ

No comments:

Post a Comment