Monday, June 3, 2019

အိုင်အက်စ်အဖွဲ့ဝင် ပြင်သစ်နိုင်ငံသားနှစ်ဦးအား အီရတ်တရားရုံးက သေဒဏ်ချမှတ်
Image may contain: one or more people and outdoor
ဘဂ္ဂဒက် ဇွန် ၂
အိုင်အက်စ်စစ်သွေးြွကအဖွဲ့သို့ ဝင်ရောက်အမှုထမ်းခဲ့သည့် ပြင်သစ်နိုင်ငံသား နှစ်ဦးအား အီရတ်တရားရုံးတစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း ယနေ့ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။ 
ယခုရက်အနည်းငယ်အတွင်း အိုင်အက်စ်အဖွဲ့ဝင် သေဒဏ်ချမှတ်ခြင်းခံရသူ ပြင်သစ်နိုင်ငံသားအရေအတွက်သည် ကိုးဦးအထိ မြင့်တက်လာခဲ့သည်။ ၎င်းတို့အား ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ရန် ခွင့်ပြုခဲ့သည်။
ယနေ့သေဒဏ်အမိန့်ချမှတ်ခံခဲ့ရသည့် ပြင်သစ်နိုင်ငံသားနှစ်ဦးသည် ဇန်နဝါရီလက ဆီးရီးယားဒီမိုကရက်တစ်အဖွဲ့က အီရတ်အာဏာပိုင်များလက်သို့ လွှဲပြောင်းပေးခဲ့သည့် ပြင်သစ်နိုင်ငံသား ၁၂ ဦးတွင် ပါဝင်ခဲ့သည်။
အိုင်အက်စ်စစ်သွေးြွကအဖွဲ့က အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ နေရာ ဒေသအများအပြားအား သိမ်းပိုက်ခဲ့သည့်အတွက်ကြောင့် ယင်းနိုင်ငံများမှ တိုက်ခိုက်ရေးသမား ထောင်နှင့်ချီကာ အိုင်အက်စ်စစ်သွေးြွကအဖွဲ့သို့ ဝင်ရောက် သွားခဲ့ကြောင်း သိရသည်။ ဆင်ဟွာ

No comments:

Post a Comment