Thursday, June 6, 2019

ယူဂန္ဓာနိုင်ငံအရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ
Image may contain: one or more people, people standing, outdoor and nature
ကမ်ပါလာ ဇွန် ၅
ယူဂန္ဓာနိုင်ငံအရှေ့ပိုင်းရှိ ဘူဒူဒါခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူဒါဇင်ပေါင်း များစွာ ပျောက်ဆုံးနေကြောင်း ကြက်ခြေနီအဖွဲ့က ဇွန် ၅ ရက်တွင် ပြောကြားသည်။
ကနဦးရရှိသော သတင်းများအရ မြေပြိုမှုများကြောင့် လူနေအိမ် ၁၅၀ ခန့် ပျက်စီးသွားပြီး လူငါးဦးသေဆုံး သွားသည်ဟု သံသယရှိကြောင်းနှင့် အခြားလူ ၅၀ နီးပါးသည် ပျောက်ဆုံးနေကြောင်း ယူဂန္ဓာကြက်ခြေနီအဖွဲ့မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
ဘူဒူဒါခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရကြောင်း ကြက်ခြေနီအဖွဲ့ ဆက်သွယ်ရေးအရာရှိ အီနီးနာကာစီတာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
မြေပြိုမှုများဖြစ်ပွားခဲ့သည့် ဘူဒူဒါခရိုင်သည် အယ်ဂွန်တောင်၏အခြေတွင် တည်ရှိနေသည်။ ယင်းခရိုင်သည် ယူဂန္ဓာနိုင်ငံနှင့် ကင်ညာနိုင်ငံနယ်ခြားတွင် တည်ရှိနေပြီး မြေပြိုမှုအ္တရာယ်မြင့်မားသည့်ဒေသဖြစ်သည်။
ယင်းခရိုင်တွင် ၂၀၁၀ ပြည့်နှစ်အတွင်းက မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၀ဝ ထက်မနည်း သေဆုံးခဲ့ရ သည်။ ၂၀၁၈ ခုနှစ်အတွင်းကလည်း ဒေသတွင်းရှိ မြစ်တစ်စင်းရေလျှံမှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ဘူဒူဒါခရိုင်အတွင်း၌ မြေပြိုမှုများ ဇွန် ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ လွှတ်တော်အမတ် ဂေါ့ဖရီဝတန်ဂါက အေအက်ဖ်ပီသို့ ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment