Thursday, June 6, 2019

ရုရှား-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲလျက်ရှိ
Image may contain: 8 people, people standing
မော်စကို ဇွန် ၅
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့ သည် ဇွန် ၅ ရက်တွင် ကရင်မလင်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မြဲလာခဲ့ခြင်းအပေါ် အပြန်အလှန် ချီးမွမ်းခဲ့ကြကြောင်း ယနေ့ အေအက်ဖ်ပီသတင်းတစ်ရပ် အရ သိရသည်။
တရုတ်နှင့် အမေရိကန်နိုင်ငံတို့ အကြား ကုန်သွယ်ရေးဆိုင်ရာ တင်း မာမှုများ ဖြစ်ပေါ်နေချိန်တွင် ရုရှားနှင့် တရုတ်နှစ်နိုင်ငံက ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။
သမ္မတ ရှီကျင့်ဖျင်၏ မော်စကို ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် အဓိကကျသော ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း ရုရှား သမ္မတ ပူတင်က ဆိုသည်။
နှစ်နိုင်ငံဆက်ဆံရေးသည် အချို ပေါ်သကာလောင်းသည့် ဆက်ဆံရေး ဖြစ်ပါကြောင်း တရုတ်သမ္မတ ရှီကျင့် ဖျင်က ပြန်လည်ပြောကြားခဲ့သည်။ 
ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် တရုတ် သမ္မတ ရှီကျင့်ဖျင်သည် မော်စကိုမြို့ရှိ ဗီနုကိုဗိုလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်းအား ရုရှားဂုဏ်ပြုတပ်ဖွဲ့က ကြိုဆို ခဲ့သည်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ပြီး နောက် သမ္မတရှီကျင့်ဖျင်သည် ွှ့န သျြူ့သင ွှ့နအေမန သို့ အလည် အပတ်သွားရောက်ခဲ့ပြီး ရုရှားမြို့ တော်ဟောင်း စိန့်ပီတာစဘတ်သို့ ဆက်လက် သွားရောက်မည်ဖြစ် သည်။
ဇွန် ၆၊ ၇ ရက်တွင် စိန့်ပီတာစ ဘတ်၌ သမ္မတပူတင်က ဦးစီး ကျင်းပမည့် စီးပွားရေးဖိုရမ်သို့ တက် ရောက်မည်ဖြစ်သည်။
ရုရှားနှင့်တရုတ် နှစ်နိုင်ငံသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည် ချက်များ ခိုင်မြဲကြသည့်အတွက် တစ် နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာ နိုင်သော ပြဿနာများ ပေါ်ပေါက်လာ ပါက အပြန်အလှန်ကူညီထောက်ပံ့ ပေးလျက်ရှိသည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က မော်စကိုခရီးစဉ်မတိုင်မီ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ ကြောင်း သိရသည်။
သမ္မတပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံ၏ က္ဘာ လုံးဆိုင်ရာ မဟာမိတ်ဖက်ပြုမှုနှင့် မဟာဗျူဟာကျသော ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ကြေညာချက် အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။
တရုတ်သမ္မတရှီကျင့်ဖျင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကို တိရ္ဆာန်ရုံအတွက် ဝက်ဝံ နှစ်ကောင်ကို လက်ဆောင်အဖြစ် ယူဆောင်လာခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သည် စဉ်ဆက်မပြတ် တိုးတက် လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၀၈ ဘီလီယံခန့် (၂၅ ရာခိုင်နှုန်း) ရှိခဲ့ပြီး စံချိန်တင်တိုးတက်ခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment