Wednesday, June 5, 2019

ဆူဒန်နိုင်ငံတွင် ကိုးလအတွင်း ရွေးကောက်ပွဲကျင်းပမည်
Image may contain: one or more people, crowd, basketball court and outdoor
ခါတွမ် ဇွန် ၄
ဆူဒန်နိုင်ငံအတွင်း ကာကွယ်ရေးကောင်စီက လာမည့်ကိုးလအတွင်း တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် ကြေညာခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါကြေညာချက်သည် မြို့တော် ခါတွမ်၌ ဒီမိုကရေစီလိုလား သော ဆန္ဒထုတ်ဖော်သူများနှင့် လုံခြုံရေးအဖွဲ့တို့အကြား ပဋိပက္ခ ဖြစ်ပွားမှုများတွင် ဆန္ဒထုတ်ဖော်သူ ၃၅ ဦးကျော် သေဆုံးခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးကောင်စီသည် သမ္မတ အိုမာအယ်ဘာရှားအား ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် နိုင်ငံ၏အခွင့်အာဏာကို ကာကွယ် စောင့်ရှောက်လျက်ရှိသည်။ ကနဦးတွင် 

ကာကွယ်ရေးကောင်စီသည် သမ္မတ အိုမာအယ်ဘာရှားအား ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် နိုင်ငံ၏အခွင့်အာဏာကို ကာကွယ် စောင့်ရှောက်လျက်ရှိသည်။ ကနဦးတွင် ကာကွယ်ရေးကောင်စီနှင့် အတိုက်အခံအဖွဲ့တို့အကြား ဒီမိုကရေစီစနစ်ကူးပြောင်းခြင်း လုပ်ငန်းစဉ်တစ်ရပ်ကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် နှစ်ဖက်ဆွေးနွေးပွဲများ ရလဒ်ထွက်ပေါ်မှု မရှိခဲ့ပေ။
အရပ်သားအစိုးရအဖွဲ့သို့ အာဏာလွှဲပြောင်းမည်ဟု ကနဦး သဘောတူညီခဲ့ကြသော်လည်း ကာကွယ်ရေးအဖွဲ့နှင့် အရပ်သားအဖွဲ့ တို့အနက် မည်သှူအား အကြီးအကဲရာထူးတာဝန်ကို ပေးအပ်မလဲ ဆိုသည်နှင့်ပတ်သက်ပြီး နှစ်ဖက်သဘောတူညီမှုမရရှိခဲ့ကြောင်း သိရသည်။ ကာကွယ်ရေးကောင်စီအား ဖိအားပေးမှုတစ်ရပ်အနေဖြင့် ထောင်နှင့်ချီသော ဒီမိုကရေစီလိုလားဆန္ဒထုတ်ဖော်သူများသည် မြို့တော်ခါတွမ်ရှိ ကာကွယ်ရေးရုံးချုပ်ရှေ့၌ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဇွန် ၃ ရက်တွင် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒထုတ်ဖော်ပြည်သူ များအား လူစုခွဲဖယ်ရှားရာ အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment