Wednesday, June 5, 2019

အက်စ်-၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူရေးသဘောတူညီချက် ဖျက်သိမ်းမည်မဟုတ်ဟု တူရကီသမ္မတ အာဒိုဂန်ပြောကြား
Image may contain: 1 person, closeup
အင်ကာရာ ဇွန် ၄
အကြီးအကျယ်ပျက်စီးမည့် အကျိုးဆက်နှင့် ရင်ဆိုင်ရမည် ဟု အမေရိကန်ပြည်ထောင်စု၏ခြိမ်းခြောက်မှုရှိနေသော် လည်း ရုရှားနိုင်ငံနှင့် သဘောတူညီမှုရှိထားသည့် အက်စ်-၄၀ဝ အမျိုးအစား လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်အား ဝယ်ယူရေးကို ဖျက်သိမ်းမည်မဟုတ် ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က ဇွန် ၄ ရက်တွင် ပြောကြားသည်။
တူရကီနိုင်ငံအနေဖြင့် အက်စ်-၄၀ဝ အမျိုးအစား ဒုံးကျည်စနစ်အား ဝယ်ယူရန် ဆန္ဒရှိနေမှုသည် နေတိုး မဟာမိတ် တူရကီနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အကြားတွင် အချေအတင်ငြင်းခုံမှုများဖြစ်ပွားစေသည့် ရင်းမြစ်တစ်ခုဖြစ်သည်။ ယင်းဒုံးကျည်စနစ် ဝယ်ယူသည့် ကိစ္စနှင့်ပတ်သက်၍ တူရကီနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှု များ ချမှတ်မည်ဟု အမေရိကန်ပြည်ထောင်စုက လအတန်ကြာကပင် သတိပေးခဲ့သည်။
မိမိတို့အနေဖြင့် ရုရှားနိုင်ငံနှင့် သဘောတူညီမှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ် ကြောင်း တူရကီသမ္မတ အာဒိုဂန်၏ပြောကြားမှုကို တရားဝင်သတင်းဌာန အန်နာဒိုလူစ်က ကောက်နုတ်ဖော်ပြ သည်။
အစ္စတန်ဘူမြို့ ရှိ ဗလီတစ်ခုတွင် ဝတ်ပြုဆုတောင်း အပြီး၌ တူရကီသမ္မတအာဒိုဂန်က သတင်းထောက်များ အား သဘောတူညီချက်မှ နောက်ကြောင်းပြန်သွားလိမ့် မည်မဟုတ်ဟု ပြောကြားခဲ့သည်။
တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ အက်စ်-၄၀ဝ အမျိုးအစား ဒုံးကျည်စနစ်ဝယ်ယူရေးအစီအစဉ်ကို ဦးတည် လုပ်ဆောင်နေမည်ဆိုပါက တူရကီနိုင်ငံက အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်ထုတ်လုပ်မှု စီမံကိန်း၌ ပါဝင်နေမှုနှင့် နေတိုးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်မှုများ၌ အကြီးအကျယ် ပျက်စီးမည့် အကျိုးဆက်နှင့် ကြုံရလိမ့်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အထက်တန်းတာဝန်ရှိသူ တစ်ဦးက လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ပြောကြားခဲ့ သည်။ အေအက်ဖ်ပီ

No comments:

Post a Comment