Monday, June 3, 2019



လီဗာပူးအသင်း စပါးအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူး
Image may contain: 6 people, people smiling, people standing
စပါးအသင်းနှင့် လီဗာပူးအသင်းတို့သည် ချန်ပီယံ လိဂ်နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယနေ့နံနက်ပိုင်းက မက်ဒရစ်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက စပါး အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလား ကို ရယူဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းအတွက် သွင်းဂိုး နှစ်ဂိုးကို ပွဲကစားချိန် နှစ်မိနစ်တွင် တိုက်စစ်မှူးမိုဟာမက် ဆာလာက ပင်နယ်တီသွင်းဂိုးဖြင့် တစ်ဂိုးနှင့် ပွဲကစားချိန် ၈၇ မိနစ်တွင် အိုရီဂီကတစ်ဂိုးသွင်းယူပေးခဲ့ခြင်း ဖြစ် သည်။
လီဗာပူးအသင်းသည် ဥရောပဖလားကို ခြောက်ကြိမ် မြောက်အဖြစ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး နည်းပြကလော့ သည် လီဗာပူးအသင်းနှင့် ဥရောပဖလားကို ရယူနိုင်ခဲ့သည့် လေးဦးမြောက်နည်းပြလည်းဖြစ်သည်။ ကလော့မတိုင်မီ က လီဗာပူးအသင်းနှင့်အတူ ပိုင်စလေ၊ ဂျိုဖာဂန်၊ ရာဖေးလ် ဘင်နီတက်ဇ်တို့သည်လည်း ဥရောပဖလားကို ရယူနိုင်ခဲ့ ကြောင်းသိရသည်။
ထို့ပြင် ဂျာမနီနိုင်ငံသား နည်းပြများထဲတွင်မူ ကလော့သည် ချန်ပီယံလိဂ်ဖလားကို ငါးဦးမြောက်အဖြစ် ရယူနိုင်ခဲ့သည့်နည်းပြဖြစ်ပြီး ကရာမာ၊ ဂျက်ဟေးနက်စ်၊ ဟစ်ဇ်ဖီးလ်၊ ယူဒိုလက်တက်တို့သည်လည်း ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့ကြောင်း သိရသည်။
လီဗာပူးအသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် မိုဟာမက်ဆာလာမှာမူ ဥရောပဖလားပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည့် ငါးဦးမြောက် အာဖရိက ကစားသမားဖြစ်ပြီး မက်ဂျာ၊ အီတူး၊ ဒရော့ဘာ နှင့် ဆာဒီယိုမာနေးတို့သည်လည်း ဥရောပဖလားနောက် ဆုံးဗိုလ်လုပွဲတွင် သွင်းဂိုးများသွင်းယူနိုင်ခဲ့ကြောင်း သိရ သည်။
ငွေကြယ်

No comments:

Post a Comment