Thursday, June 6, 2019

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကျင်းပ
Image may contain: 1 person, standing and indoor
နေပြည်တော် ဇွန် ၅
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလေးထားဆောင်ရွက်
အစည်းအဝေးတွင် ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ရာ (၃/၂၀၁၉)ကြိမ်မြောက် အစည်း အဝေးအထိ ရောက်ရှိလာပြီဖြစ် ကြောင်း၊ ကော်မတီစတင်ဖွဲ့စည်းပြီး ကတည်းက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာ၍ အချိန်တိုအတွင်း ကော်မတီ၏ အဓိကတာဝန်များ ဖြစ်သည့် ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေဥပဒေကြမ်း(ဖနမသ ိမေ်အ) အပေါ်အဖွဲ့ဝင်ဌာနများ၏ သဘောထား မှတ်ချက်များကို အခြေခံ၍ ဝန်ထမ်း နောင်ရေး ဗဟိုရန်ပုံငွေဥပဒေ(ပထမ မူကြမ်း)အဖြစ် တိုးတက်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ပုံစံမူကြမ်းဖော်ဆောင် ခြင်းအတွက် ကော်မတီအတွင်းရေးမှူး က ယနေ့ရှင်းလင်းတင်ပြမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်ရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်သည် ရန်ပုံငွေထူထောင် ထားခြင်းမရှိသည့် သတ်မှတ်အကျိုးခံစားခွင့်စနစ်ဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်မှ အပြည့်အဝ ကျခံသုံးစွဲ ခြင်းဖြစ်ကြောင်း၊ ပင်စင်အသုံးစရိတ် များကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့် သုံးစွဲလျက်ရှိကြောင်း၊ အခြားသော က္ဘာ့နိုင်ငံများနည်းတူ ရန်ပုံငွေကို အခြေခံ၍ ခံစားခွင့်ပြုသည့်စနစ်သို့ ပြောင်းလဲနိုင်ပါက ရေရှည်အတွက် ပိုမိုစွမ်းဆောင်ရည်ပြည့်ဝသည့် လူမှု ကာကွယ်စောင့်ရှောက်မှုစနစ် ဖြစ်လာ နိုင်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေကို ထူထောင်ခြင်းဖြင့် နိုင်ငံ၏ မေခရိုစီးပွားရေး တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သော အရင်း အနှီးများကိုလည်း ရရှိစေနိုင်မည်ဖြစ် ကြောင်း။
ရင်းနှီးမြှုပ်နှံ
စုဆောင်းရရှိသော ရန်ပုံငွေများကို တိုးပွားစေရန် သေချာပေါက် အမြတ် ရရှိနိုင်သော ခိုင်မာပြီး ျွငျု နည်းသောလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန်လိုကြောင်း၊ ဝန်ထမ်းများ စုဆောင်းတတ်သည့် စိတ်ဓာတ် (Saving Attitude)ကိုလည်း ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ CPF အဖွဲ့ဝင်များအတွက် လိုအပ် ချက်များအပေါ်မူတည်ပြီး သင့်လျော် သည့် အကျိုးခံစားခွင့်များကို ကမ်းလှမ်းမည်ဖြစ်ခြင်းကြောင့် လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စဉ်များ ပိုမိုအားကောင်းလာမည်ဖြစ် ကြောင်း၊ အုပ်ချုပ်ရေးရှုထောင့်မှ ကြည့်ပါက ဝန်ထမ်းများ ပင်စင်ယူ မည့်အချိန်တွင် နောင်ရေးစိတ်အေး နိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် လူသားအရင်းအမြစ်ကို ထိန်းသိမ်းနိုင်ပြီး ကောင်းမွန်သောစီမံအုပ်ချုပ်မှုစနစ်ကို ဖော်ဆောင် နိုင်ကြောင်း၊ ရန်ပုံငွေထူထောင်ရာ တွင် နိုင်ငံ့ဝန်ထမ်းများအတွက် ဦးစွာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး ရန်ပုံငွေလည်ပတ် ခိုင်မာ လာသည်နှင့်အမျှ ပုဂ္ဂလိကကဏ္ဍအတွက်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ CPF ဥပဒေ ပထမမူကြမ်းကို ကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များကို ဖြန့်ဝေ ပေးပြီးဖြစ်သည့်အတွက် ပိုမိုပြည့်စုံ ရေးအတွက် သဘောထားမှတ်ချက် များ စိစစ်ပြန်ကြားပေးနိုင်ရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကော်မတီအတွင်း ရေးမှူး ပင်စင်ဦးစီးဌာန òန်ကြား ရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ပင်စင်စနစ်ဟောင်းနှင့် စနစ်သစ်များ အတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက် မည့် ကော်မတီလုပ်ငန်းများ၊ ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေဥပဒေ( ပထမ မူကြမ်း) ရေးဆွဲပြီးစီးမှုအခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် ဒီဇိုင်းပုံစံ(မူကြမ်း)တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီ ဝင်၊ ဆပ်ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment