Monday, June 3, 2019

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ကော့သောင်းမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Image may contain: 8 people, people smiling, people standing, child and outdoor
ကော့သောင်း ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၂ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့သို့ ရောက်ရှိပြီး မြို့တွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ှေးဦးစွာ ဝန်ကြီးချုပ်သည် ရွှေပြည်စိုးကျေးရွာ၊ ဆုတောင်းပြည့်ကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒ္တကေလာသအား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ပုလုံးတုံတုံးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားဦးစီး ဌာန တံတားတည်ဆောက်ရေးအဖွဲ့ အမှတ်(၄) တာဝန်ခံ òန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက တံတား ဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ပိုင်းများနှင့် ဘဏ္ဍာငွေရရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး၊ တံတားကြံ့ခိုင်မှုနှင့် စံချိန်စံòန်းပြည့်မီရေးလိုအပ်သည်များကို လမ်းòန်မှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်သည် သီရိမြိုင်ရပ်ကွက် မြို့ဦး ကျောင်းတိုက် ဆရာတော်အား ဝင်ရောက်ဖူးမြော်ကာ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ အဆိုပါရပ်ကွက်၌ လမ်းဦးစီးဌာနမှ ငွေ$ကျပ်သိန်း ၇၀ဝ ကျော် အကုန်အကျခံ တာဝန်ယူတည်ဆောက်ပြီးစီးသည့် ဆလုံရိုးရာယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိပြီး အဆောက် အအုံဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေး ကာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုရှိစေရန် ပြတိုက် အတွင်း ဒေသရိုးရာယဉ်ကျေးမှုမှတ်တမ်းဓာတ်ပုံများ၊ ဆလုံရိုးရာမှတ်တမ်းများနှင့် အခြားစိတ်ဝင်စားဖွယ် ပြကွက်များ ပြသနိုင်ရေး တာဝန်ရှိသူများသို့ မှာကြား သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ကော့သောင်းကမ်းနီး ငါးဒိုင်(FOB)စစ်ဆေးရေးစခန်းသို့ရောက်ရှိရာ တာဝန်ရှိ သူများက (FOB စစ်ဆေးရေး (One Stop Service)လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြသ ကြပြီး FOB စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နိုင် ရေး ဆိပ်ခံတံတားသစ်တည်ဆောက်မည့် အခြေအနေနှင့် တည်ဆောက်မည့်နေရာများသို့ ကွင်းဆင်းစစ်ဆေး ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဝန်ကြီးချုပ်သည် ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်တုကုန်းမြေတွင် KMA GROUP of Company လှူဒါန်းငွေနှင့် ကော့သောင်းမြို့နယ်စည်ပင် သာယာရေးထည့်ဝင်ငွေကျပ် $ ၅၄ ဒသမ ၄ သန်း အကုန် အကျခံ တည်ဆောက်ပြီးစီးသည့် ဘုရင့်နောင်ကုန်း အတက် လှေကားနှင့် ရင်ပြင်တည်ဆောက်ထားရှိမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အများပြည်သူ အပန်းဖြေနိုင်ရေးနှင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိရေး၊ လှေကားဝန်းကျင် မြေပြိုမှုမဖြစ်ပွား ရေး မြေထိန်းအပင်များ စိုက်ပျိုးရန်နှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment