Monday, June 3, 2019



နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Image may contain: 2 people, people sitting and table
နေပြည်တော် ဇွန် ၂
တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်ရာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်းသတင်းဌာန ၃၀ မှ သတင်းထောက်များ တက်ရောက်ကြသည်။ 
သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်မှ ထုတ်ပြန် ချက်ပြုလုပ်ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်း များ၏ အခြေအနေများ၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း NSCN (K) နှင့်ဆက်စပ်အဖွဲ့များမှ ဖမ်းဆီးရရှိမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်မှု၊ တပ်မတော်အနေဖြင့် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်နယ်မြေအလိုက် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသည့်အခြေအနေ၊ တပ်မတော်(ရေ)၊ တပ်မတော် (လေ) တို့မှ လေ့ကျင့်ရေးဆောင်ရွက်မှု၊ အာဆီယံ၊ အိမ်နီးချင်း နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ တပ်မတော်မှ လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးမှုနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြ သည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်း မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံကို မြဝတီမီဒီယာ (You Tube Channel)တွင် ဗီဒီယိုဖိုင် အား ကြည့်ရှုနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment