Monday, June 3, 2019



အိန္ဒိယတောင်ထိပ်ရှိ ရေခဲလျှောဆင်းမှု လူလေးဦး ကယ်တင်ခဲ့၊ ရှစ်ဦးပျောက်ဆုံးနေဆဲ
Image may contain: 16 people, people smiling, people standing and shoes
နယူးဒေလီ ဇွန် ၂
ဟိမဝ္တာတောင်တန်းဒေသတွင် ရေခဲလျှောဆင်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဗြိတိန်နိုင်ငံသား တောင်တက်သမား လေးဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ကျန်ရှစ်ဦးမှာ ယခုအထိ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း အိန္ဒိယအာဏာ ပိုင်များက ဇွန် ၂ ရက်တွင် ပြောကြား သည်။
အဆိုပါ တောင်တက်သမားများကို ဇွန် ၂ ရက် အစောပိုင်းက အိန္ဒိယနိုင်ငံ ရှိ အမြင့်ပေ ၇၅၆၄၃ ခန့်ရှိ ဒုတိယ အမြင့်ဆုံး တောင်တန်းဖြစ်သည့် နန်ဒါဒေဗီအနီးရှိ စခန်းတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရဟတ်ယာဉ် များဖြင့် ဘေးလွတ်ရာ အရပ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။အရေးပေါ်ကယ်ဆယ်ရေး လုပ်သား များသည် ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများကို တောင်ထိပ်များပေါ် တွင် ရဟတ်ယာဉ်များကို အသုံးပြု ၍ အင်တိုက်အားတိုက် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ပျောက်ဆုံးနေသော တောင်တက် သမားများမှာ ဗြိတိန်နိုင်ငံသား လေးဦး၊ အမေရိကန်နိုင်ငံသားနှစ်ဦး၊ သြစတြေးလျနိုင်ငံသူ တစ်ဦးနှင့် အိန္ဒိယ နိုင်ငံသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ ကယ်တင် ခြင်းခံရသည့် တောင်တက်သမားများ သည် ပျောက်ဆုံးနေသော တောင်တက်သမား အုပ်စုထဲတွင် ပါဝင်ခြင်းမရှိသော်လည်း ရေခဲတုံး လျှောဆင်းမှု မတိုင်မီ မေ ၂၆ ရက် အထိ အဆိုပါပျောက်ဆုံးနေသော တောင်တက်သမားများနှင့် ထိတွေ့ ဆက်ဆံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
"သူတို့ဟာ တောင်ကို သီးသန့်စီ တက်ကြတာပါ။ ဒါပေမယ့် အခု ပျောက်ဆုံးနေတဲ့အုပ်စုနဲ့ ထိတွေ့မှု တော့ရှိပါတယ်။ ကြီးမားတဲ့ ရေခဲ လျှောဆင်းမှုနဲ့ ဆိုးရွားတဲ့ရာသီဥတု ဒဏ်က သူတို့ရဲ့အခြေချရာစခန်းကို ရိုက်ခတ်ခဲ့တာကြောင့် အခုလို ဖြစ်သွားတာပါ"ဟု ပီသိုရာဂါ့ခရိုင် ရဲအကြီးအကဲ အာရ်စီရာ့ဂျ်ဂူးရုက အေအက်ပ်ပီသတင်းဌာနသို့ ပြော ကြားသည်။
သို့သော် မေ ၁၃ ရက်က တောင်တက်ခြင်းလုပ်ငန်းကို စတင် ခဲ့ကြသည့် တောင်တက်သမားများနှင့် ပတ်သက်၍ သေချာသော သတင်း အချက်အလက် မရရှိသေးကြောင်း ရာ့ဂျ်ဂူးရုက ထပ်မံပြောကြားသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဂျေတီ

No comments:

Post a Comment