Monday, June 3, 2019


မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ)ပြည့် အခမ်းအနားကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Image may contain: 5 people, people sitting, table, kitchen and indoor
ရန်ကုန် ဇွန် ၂
မြန်မာ့ရုပ်ရှင်နှစ်(၁၀ဝ) ပြည့် အခမ်းအနားကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ)ပြည့်အခမ်းအနားကို ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ပွဲတော်အတွက် ယာယီ ကော်မတီဖွဲ့စည်းပြီး ရုပ်ရှင်လောကသား များသာမက အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများကပါ စိတ်အားထက်သန် စွာဖြင့် ပူးပေါင်းပါဝင်လာပါက ပိုမိုကောင်းမွန်သည့် ပွဲတော်ဖြစ်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ) ပြည့် အခမ်းအနားကျင်းပရေး အတွက် ပြီးခဲ့သည့် မြန်မာ့ရုပ်ရှင်ရတုအဆက်ဆက်ပွဲစဉ်များ ကျင်းပခဲ့ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများ၊ ပွဲတော်အကြိုကာလ၌ ပြည်တွင်းတွင် သာမက ပြည်ပတွင် လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်များ၊ ပြည်ပနိုင်ငံများ တွင် သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများကို မူတည်၍ အကြံပြုချက် များ၊ မြန်မာ့ရုပ်ရှင်သမိုင်းကို ဇာတ်လမ်းရိုက်ကူးထုတ်လွှင့်ရေး၊ ခေတ်ဦးရုပ်ရှင် ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ပြန်လည်ထုတ်လွှင့်ပြသ ရေး၊ ထူးချွန်သရုပ်ဆောင်များသာမက ပိတ်ကားနောက်ကွယ်မှ အတတ် ပညာရှင်တို့၏အကြောင်း ဆွေးနွေးပွဲများ လုပ်ဆောင်ရေး၊ ရန်ပုံငွေရှာဖွေရေး၊ ပွဲတော်ကျင်းပမည့်နေရာ ရွေးချယ်ရေးနှင့် ယာယီကော်မတီဖွဲ့စည်းရေး စသည် တို့ကို ဆွေးနွေးကြသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။
ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့ရုပ်ရှင် နှစ်(၁၀ဝ) ပြည့်ပွဲတော် ဖြစ်မြောက်ရေး ယာယီကော်မတီကို တာဝန်ရှိသူများနှင့်ဖွဲ့စည်းပြီး ဆောင်ရွက် ရမည့် အစီအစဉ်များကို ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment