Monday, June 3, 2019

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း သဘာဝဘေးလျော့ပါးရေးကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်
Image may contain: 2 people, people standing and outdoor
နေပြည်တော် ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့ အစည်းတစ်ခုဖြစ်သည့် SEEDS Asia တို့ပူးပေါင်း ဆောင်ရွက်သော "ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ရွာ လူထုနှင့်ပူးပေါင်း၍ ကျောင်းတွင်းဘေးအ္တရာယ်ကင်းရှင်း ရေးအား တိုးမြှင့်ဆောင်ရွက်ခြင်း" စီမံကိန်းအရ ဆောက်လုပ် ပြီးစီးခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စု နဘဲကုန်းကျေးရွာ သဘာဝ ဘေးဒဏ်ခံ မူလတန်းကျောင်းဆောင်သစ်(SchoolCum Shelter)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများအား သင်ကြားမှုအထောက်အကူပြုအိတ်များ ပေးအပ်ကာ ကျောင်းဆောင်တွင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာဝတီမြစ် ဟင်္သာတတာ တာမိုင်၂၂/၄-၂၄/ဝအတွင်း (သဲကုန်း-ညောင်အိုင်)ပန်းတာသစ် တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေး ကြည့်ရှုသည်။
အဆိုပါ ပန်းတာသည် အမျိုးသားသဘာဝဘေး အ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းòန်မှုဖြင့် အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေမှ ငွေကျပ် ၉၉၀ ဒသမ ၈၆၈ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လုပ်ငန်းအားလုံး (၁၀ဝ ရာခိုင်နှုန်း)ပြီးစီး နေပြီဖြစ်သည်။
ယင်းတာသည် အရှည် ပေ ၇၅၀ဝ၊ ထိပ်ဝအကျယ် ၁၆ ပေရှိပြီး တာအမြင့် ၁၈ ပေ ရှိသည်။ အဆိုပါတာကို တည်ဆောက်နိုင်ခြင်းကြောင့် ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်းမြို့နယ်များရှိ လယ်မြေ ဧက သုံးသိန်းကျော်အား မိုးရာသီကာလအတွင်း ရေကြီး နစ်မြုပ်သည့် ရေဘေးအ္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ် သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ သဘာဝဘေးအ္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်ကြားမှုဘာသာရပ်များနှင့် နည်းစနစ်များ ခေတ်နှင့်အညီ ဆန်းသစ်ပြင်ဆင်နိုင်ရေးအတွက် ပညာရှင် များနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ သင်တန်း အမျိုးအစား အလိုက် နည်းပြများ ကျွမ်းကျင်ပိုင်နိုင်ရေး စဉ်ဆက်မပြတ် လေ့လာရေး၊ သင်တန်းဆရာများ၏ အရည်အချင်း တိုးမြင့် စေရေး လေ့ကျင့်ပျိုးထောင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment