Wednesday, June 5, 2019



ဗင်နီဇွဲလားနိုင်ငံအတွင်း တရားမျှတသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိ
Image may contain: 2 people
ကာရာကတ်စ် ဇွန် ၄
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန် ဂွါအီဒိုအား ထောက်ခံသည့် နိုင်ငံများနှင့် သမ္မတ မာဒူရိုအား ထောက်ခံသည့် နိုင်ငံများက ဗင်နီဇွဲလားပဋိပက္ခကို အကောင်းဆုံးဖြေရှင်းနိုင်ရန် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရေးကို သဘောတူညီခဲ့ကြ ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ဗင်နီဇွဲလားနိုင်ငံအတွင်း သမ္မတ နီကိုလပ်စ် မာဒူရို နှင့် အတိုက်အခံခေါင်းဆောင် ဂွါအီဒိုတို့အကြား ထိပ်တိုက်ရင်ဆိုင်ခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး အခြေအနေများလည်း တစ်နေ့တခြား ပိုမိုဆိုးရွားလာ လျက်ရှိကြောင်း သိရသည်။ 
သမ္မတ နီကိုလပ်စ် မာဒူရိုအား ရုရှားနှင့် တရုတ်တို့ က ထောက်ခံပေးပြီး အတိုက်အခံ ခေါင်းဆောင် ဂွါအီဒို အား အမေရိကန်နိုင်ငံက ထောက်ခံပေးလျက်ရှိသည်။
အလေးပေးဆွေးနွေး
ဇွန် ၃ ရက်တွင် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးချုပ် ၌ အတိုက်အခံခေါင်းဆောင် ဂွါအီဒိုအား ထောက်ခံအားပေး လျက်ရှိသည့် ကနေဒါ၊ ချီလီနှင့် ပီရူးနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများက ပေါ်တူဂီနှင့် ဥရုဂွေးနိုင်ငံခြားရေးဝန်ကြီး များအပါအဝင် ဥရောပသမဂ္ဂမှ အဆင့်မြင့်ကိုယ်စားလှယ် တစ်ဦးနှင့်တွေ့ဆုံကာ ဗင်နီဇွဲလားအရေးနှင့် ပတ်သက်ပြီး အလေးပေးဆွေးနွေးခဲ့ကြသည်။
ပီရူးနိုင်ငံခြားရေးဝန်ကြီး နီစတာ ပိုပိုလီဇီအိုက အဆိုပါအစည်းအဝေး၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပစေရန်ပြောကြားခဲ့သည်။
အလားတူ သမ္မတ မာဒူရိုက လာမည့်ရွေးကောက်ပွဲ အတွင်း မည်သည့်အစီအစဉ်မျှ ရေးဆွဲထားခြင်းမရှိကြောင်း နှင့် လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် ၎င်းအနိုင် ရရှိခဲ့ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment