Saturday, June 1, 2019



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ
ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုး
Image may contain: 2 people, people standing and indoor
နေပြည်တော် မေ ၃၁
ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda ကွယ် လွန်ခြင်းအတွက် ဝမ်းနည်းခြင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုးရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာသွားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ် ဒွန်မောင်းလေဆိပ် (Win - 6) သို့ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်း ဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ General Peerapong Maungboonchoo ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီရုံးသို့ ရောက်ရှိကြပြီး ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda ၏ ဓာတ်ပုံအားဂါရဝပြုကာ ဝမ်းနည်းခြင်းမှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဗန်ကောက်ပို့စ် သတင်းဌာန မှ သတင်းထောက်က ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အမှတ်ရဖွယ်ရှိခဲ့သည့် အကြောင်းအရာများ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဂါရဝပြု
ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် Wat Benchamabophit ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ နှစ်နိုင်ငံတပ်မတော် အရာရှိကြီးများနှင့် အတူ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ၏ ရုပ်ကလာပ်အား ဂါရဝပြုသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်ကောက် မြို့ရှိ ထိုင်းဘုရင့်လေတပ် ဒွန်မောင်းလေဆိပ် (Win-6)မှ ပြန်လည်ထွက်ခွာကြပြီး ညနေ ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ရောက်ရှိ ကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော် အရာရှိကြီးများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
သတင်းစဉ်

No comments:

Post a Comment