Saturday, June 1, 2019



အမေရိကန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားထိပ်တန်းစေ့စပ်ညှိနှိုင်းသူနှင့် အခြားလေးဦးအား ကွပ်မျက်သည့် သတင်းများ ထွက်ပေါ်
Image may contain: 1 person, suit, eyeglasses and closeup
ဆိုးလ် မေ ၃၁
အမေရိကန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ထိပ်တန်းစေ့စပ်ညှိနှိုင်းသူနှင့် အခြားလေးဦး အား မြောက်ကိုရီး ယားအစိုးရက ကွပ်မျက် ခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာက ယနေ့သတင်းဖော်ပြကြသည်။
ဖေဖော်ဝါရီလအတွင်း အမေရိကန်-မြောက်ကိုရီးယားနှစ်နိုင်ငံ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးတွင် နျူကလီးယား အရေးဆိုင်ရာကိစ္စရပ်များကို အမေရိကန်နိုင်ငံ နှင့် သဘောတူညီမှုရရှိရန် ဆွေးနွေးနိုင်ခြင်း မရှိခဲ့သည်ကို အကြောင်းပြုပြီး ၎င်းတို့အား ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ထိပ်တန်းစေ့စပ်ညှိနှိုင်းသူ ကင်ရှောက်ချိုနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူလေးဦး အား မတ်လအတွင်းက နိုင်ငံတော်ခေါင်းဆောင် အား သစ္စာဖောက်ပြီး အမေရိကန်နိုင်ငံအတွက် သူလျှိုလုပ်ဆောင်ပေးသည်ဟု စွပ်စွဲကာ ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား မီဒီယာက ဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ထိပ်တန်းစေ့စပ်ညှိနှိုင်းသူ ကင်ရှောက်ချိုသည် မြောက်ကိုရီးယားနိုင်ငံ ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖန်ဘီဂန်နှင့်အတူ နှစ်နိုင်ငံထိပ်သီးအစည်း အဝေးကျင်းပနိုင်ရေးနှင့် နျူကလီးယားအရေး တို့ကို စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရသည်။
အမေရိကန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ထိပ်တန်းစေ့စပ်ညှိနှိုင်းသူ ကင်ရှောက်ချိုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ယုံကြည်စိတ်ချရသူ တစ်ဦးဖြစ်သည်။ သို့သော် သူ့အား အလုပ်ကြမ်းနှင့် ပြန်လည်ပြုစု ပျိုးထောင်ရေးစခန်းသို့ ကွပ်မျက်ခြင်းမခံရမီ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘော တူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့ရသည့် ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား နျူကလီးယား လက်နက် ကင်းစင်ပပျောက်ရေး ဆွေးနွေးမှု သည် ကြန့်ကြာလျက်ရှိသည်။
မြောက်ကိုရီးယားအစိုးရက အမေရိကန် နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ထိပ်တန်း စေ့စပ်ညှိနှိုင်းသူ ကင်ရှောက်ချိုနှင့် အခြား လေးဦးတို့အား ကွပ်မျက်ခဲ့ခြင်းနှင့် ပတ်သက် သည့် ဆက်စပ်သတင်းများထွက်ပေါ်မှုကို တောင်ကိုရီးယားအစိုးရက ဆက်လက် စောင့်ကြည့်လျက်ရှိသည်။ အဆိုပါကိစ္စရပ် နှင့်ပတ်သက်ပြီး အတည်ပြုပြောကြားသည့် သတင်းအချက်အလက်များ မရရှိသေး ကြောင်း ကိုရီးယားနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
၂၀၁၃ ခုနှစ်တွင် ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေးအား နိုင်ငံတော်သစ္စာ ဖောက်မှုဖြင့် သေဒဏ်စီရင်ချက်ချမှတ်ခဲ့ သည်။ မကြာသေးမီက မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဖအေတူမအေကွဲ ညီအစ်ကို တော်စပ်သူ ကင်ဂျုံနမ် သေဆုံးမှုနှင့်ပတ်သက်ပြီး ခေါင်းဆောင် ကင်ဂျုံအန်အား ဝေဖန်ရှုတ်ချကြ ကြောင်း သိရသည်။ အင်န်အိတ်ချ်ကေ

No comments:

Post a Comment