Saturday, June 1, 2019

ဖိလစ်ပိုင်တောင်ပိုင်းမှ အိုင်အက်စ်နှင့် ဆက်နွှယ်မှုရှိသည့် သူပုန်များ ဖမ်းဆီးထားသည့် ဒတ်ချ်လူမျိုးဓားစာခံ သေဆုံး
Image may contain: 1 person, sitting and indoor
မနီလာ မေ ၃၁
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် မေ ၃၁ ရက်က ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့ဝင်များနှင့် အိုင်အက်စ် တို့နှင့်ဆက်နွှယ်မှုရှိသည့် သူပုန်အဖွဲ့ဝင်များ အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ သူပုန်အဖွဲ့မှ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ဒတ်ချ်လူမျိုး ငှက်စောင့်ကြည့်ရေးသမားမှာ သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း ဒတ်ချ်လူမျိုးဓားစာခံက ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းစဉ် ၎င်းအားဖမ်းဆီးထားသည့်သူများ၏ ပစ်ခတ် မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်က ပြောကြားသည်။

အီဝူးလ်ဟွန်းအမည်ရှိ ယင်းဒတ်ချ် နိုင်ငံသားသည် ၂၀၁၂ ခုနှစ်အတွင်းက အဘူဆေယက်ဖ် သူပုန်အဖွဲ့က ပြန်ပေးရွေး ငွေဖြင့် ရွေးယူရန်အတွက် ပြန်ပေးဆွဲခံရသူ ဖြစ်ပြီး မေ ၃၁ ရက်က ဖြစ်ပွားသည့် ဖိလစ်ပိုင် စစ်ဘက်တပ်ဖွဲ့ဝင်များနှင့် အဘူဆေယက်ဖ် သူပုန်အဖွဲ့တို့အကြား မိနစ် ၉၀ ကြာ ပစ်ခတ် တိုက်ခိုက်မှုတွင် သေစေလောက်သည့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
ဂျီဟတ်ဝါဒီသူပုန်များနှင့် ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များသည် ၎င်းစစ်သွေးကြွများ အင်အားတောင့်တင်းသည့် ဒေသဖြစ်သည့် ဂျိုလိုကျွန်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဂျီဟတ်ဝါဒီသူပုန်များနှင့် ဖိလစ်ပိုင်တပ်ဖွဲ့ အကြား ဖြစ်ပွားခဲ့သည့်အပြန်အလှန်ပစ်ခတ် မှုအတွင်း ဟွန်းသေဆုံးခဲ့ကြောင်း ဒတ်ချ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ သည်။ ၎င်းသေဆုံးခဲ့ရသည့် အခြေအနေအတိ အကျကို သိရှိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှု များ လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆက်လက်ပြောကြားသည်။
ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင်တပ်ဖွဲ့နှင့် အဘူဆေယက်ဖ် သူပုန်တို့တိုက်ခိုက်မှုအတွင်းတွင် ဟွန်းက လွတ်မြောက်ရန်ကြိုးပမ်းရာ၌ ၎င်းကို စောင့်ကြပ်နေသည့် သူပုန်တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့မှုကြောင့် ၎င်းသေဆုံးခဲ့ရခြင်းဖြစ် ကြောင်း ဖိလစ်ပိုင်တပ်ဖွဲ့မှ ဗိုလ်မှူးချုပ် ဒီဗီဒို ရွှိုင်းရာဘာရိုက ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသသည် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် လက်နက်ကိုင်အဖွဲ့များ၏ ဇာတိနယ်မြေဖြစ်ပြီး ၎င်းတို့ထဲမှ အချို့အဖွဲ့များသည် ခရစ်ယာန် ဘာသာဝင်အများစုနေထိုင်ရာ နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၏ တောင်ပိုင်းအကျဆုံး ဒေသ၌ မွတ်စလင်ပြည်နယ် ရရှိရေးအတွက် ဆယ်စု နှစ်များစွာ ရည်ရွယ်လုပ်ဆောင်နေသည့် ပုန်ကန်တိုက်ခိုက်မှုများနှင့် ဆက်နွှယ်မှုရှိနေ သည်။
အေအက်ဖ်ပီ


No comments:

Post a Comment