Saturday, June 1, 2019

အီရတ်နိုင်ငံ ကာကွတ်မြို့တွင် ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်လူလေးဦးထက်မနည်းသေ၊ ၂၀ ဒဏ်ရာရ
Image may contain: one or more people, car and outdoor
ဘဂ္ဂဒက် မေ ၃၁
အီရတ်နိုင်ငံမြောက်ပိုင်း ကာကွတ်မြို့တွင် မေ ၃၀ ရက်က ပေါက်ကွဲမှုခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုများကြောင့် လူလေးဦး ထက်မနည်းသေဆုံးကာ ၂၀ ဒဏ်ရာရခဲ့သည် ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်၏ မြောက်ဘက် ကီလိုမီတာ ၂၅၀ အကွာရှိ ကာကွတ်မြို့၏ အဓိက လမ်းမကြီးသုံးခု၏ နံဘေးတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အီရတ်စစ်ဘက် ပူးတွဲစစ်ဆင် ရေးရုံး ပြန်ကြားရေးဌာနက သတင်းထုတ်ပြန် သည်။
ရဲတပ်ဖွဲ့မှ နောက်ဆုံးရရှိသည့် အစီရင် ခံစာအရ သေဆုံးသူလေးဦးတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူ ၂၀ ၌ ရဲတပ်ဖွဲ့ဝင် လေးဦးပါဝင်ကြောင်း ကာကွတ်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။
ယင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာနေရာသို့ သွားသည့်လမ်းများကို ပိတ်ထားခဲ့ပြီး စုံစမ်း စစ်ဆေးမှုများ ချက်ချင်းလုပ်ဆောင်နေသည် ဟု ၎င်းက ပြောကြားသည်။
လမ်းများပေါ်၌ ဗုံးများထောင်ခဲ့သည်ဟု သံသယရှိသည့် မော်တော်ယာဉ်နှစ်စင်းကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကာကွတ်မြို့သည် ကာ့ဒ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် အီရတ်ဗဟိုအစိုးရ အကြား ပိုင်ဆိုင်မှုအငြင်းပွားဖွယ် နယ်မြေ အစိတ်အပိုင်းတစ်ခုဖြစ်ခြင်းကြောင့် တင်းမာမှု များ နှစ်ပေါင်းများစွာတည်ရှိနေခဲ့သည်။
ယင်းဗုံးဖောက်ခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့အစည်း ကမျှ ဝန်ခံပြောကြားခြင်းမရှိသေးသော် လည်း အီရတ်နိုင်ငံတစ်ဝန်းလုံးရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဈေးများ၊ ကော်ဖီဆိုင်များနှင့် ဝတ်ပြုဆုတောင်းရာ ဗလီများကဲ့သို့ အများ ပြည်သူနေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှု များကို အိုင်အက်စ်အဖွဲ့က အများဆုံး လုပ်ဆောင်လေ့ရှိသည်။ ဆင်ဟွာ

No comments:

Post a Comment