Monday, June 24, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားနှင့် အာဆီယံထိပ်သီးအစည်းအဝေး(သီးသန့်) တို့သို့ တက်ရောက်

Image may contain: 10 people, people smiling, people standing


ဗန်ကောက် ဇွန် ၂၃


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားနှင့် အာဆီယံ ထိပ်သီးအစည်းအဝေး (သီးသန့်)တို့သို့ တက်ရောက်သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် Athenee Tower Crystal Hall ၌ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် သည်။


အခမ်းအနားသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊ ဘရူနိုင်းနိုင်ငံဘုရင်
ဆူလတန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ် ကီးယား၊ ကaÇmဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် အာခါမိုဟာ ဆီနာပါ တိုင်းတဲ့ချို ဟွန်ဆင် ၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၊ ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာ ရိုဒရီရို ဒူတာတေး၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊ လာအိုပြည်သှူ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မဟာ သီယာ မိုဟာမက် ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် ငုယင်စွမ်းဖု ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။


ဖွင့်လှစ်
ရှေးဦးစွာ အာဆီယံသီချင်းကို ဖွင့်လှစ်၍ (၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်သည်။


အဖွင့်အမှာစကားပြောကြား

ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း) က အဖွင့်အမှာစကား ပြောကြားသည်။


ဖျော်ဖြေတင်ဆက်

ယင်းနောက် Vivid ASEAN" Cultural Performance ဖြင့် ဖျော်ဖြေတင်ဆက်သည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံ များမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရ အဖွဲ့အကြီးအကဲများသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည် Athenee Hotel , Grand Hall၌ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေး(သီးသန့်)သို့ တက်ရောက် သည်။


အမြင်ချင်းဖလှယ်

အစည်းအဝေးတွင် အာဆီယံနိုင်ငံ များမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရ အဖွဲ့အကြီးအကဲများက အာဆီယံ၏ပြင်ပဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေး၍ အမြင်ချင်း ဖလှယ်ကြသည်။


တက်ရောက်

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင် တို့ တက်ရောက်ကြသည်။


တာဝန်ရှိသူများအား တွေ့ဆုံ

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်၊ သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ နှင့် တာဝန်ရှိသူများအား တွေ့ဆုံ သည်။


လက်မှတ်ရေးထိုး

ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် သည် သံရုံးအတွင်းလှည့်လည် ကြည့်ရှုပြီး သံရုံးဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးသည်။



ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးGeneral Prawit Wongsuwan ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့် သန်း ၊ စစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်၊ သံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစု ဝင်များနှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအဖွဲ့သည် ညနေ ၆ နာရီခွဲ တွင် အထူးလေယာဉ်ဖြင့် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak နှင့် တာဝန်ရှိ သူများက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။


သတင်းစဉ်

No comments:

Post a Comment