Sunday, June 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ



ဗန်ကောက် ဇွန် ၂၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း) တို့နှင့် ဗန်ကောက်မြို့ရှိ Athenee Tower ၌ သီးခြားစီတွေ့ဆုံသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို တို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် တွေ့ဆုံကြသည်။

အပြန်အလှန်အကူအညီများပေးအပ်ခဲ့ တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အင်ဒိုနီးရှား သမ္မတနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ခဲ့ခြင်းနှင့် အင်ဒိုနီးရှားသမ္မတအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းခံရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ရခိုင် ပြည်နယ်ရှိ လူမှုအသိုက်အဝန်းအားလုံး အတွက် လူသားချင်းစာနာထောက်ထား မှု အကူအညီအဖြစ် ကျန်းမာရေးဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် ရခိုင် ပြည်နယ်တွင် ဆေးရုံတစ်ရုံတည်ဆောက် ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် နှစ်နိုင်ငံတို့သည် သဘာ၀ ဘေးအ္တရာယ်များ ခံစားကြရသည့် နိုင်ငံများဖြစ်ပြီး အပြန်အလှန်အကူအညီ များ ပေးအပ်ခဲ့ပါကြောင်း၊ သဘာ၀ဘေး အ္တရာယ်ကာကွယ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်းပြောကြားပြီး အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုက ရခိုင်ပြည်နယ် တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်ညှိနှိုင်း ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးအပ်ရေးဗဟိုဌာန (AHA)၏ ကနဦးလေ့လာအကဲဖြတ်မှု အစီအစဉ်ပါ အကြံပြုတင်ပြချက်များအား အကောင် အထည်ဖော်ရေးကိစ္စတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)တို့သည် ဒေသ စံတော်ချိန်မွန်းလွဲ ၂ နာရီခွဲတွင် တွေ့ဆုံ ကြသည်။

ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာ - ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ပေါင်းစည်းဆက်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှု ဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား တရားမဝင်အလုပ်သမားများအား တရား ဝင်ဖြစ်ရေးနှင့် နေရပ်စွန့်ခွာမြန်မာနိုင်ငံ သားများ နေရပ်ပြန်လည်လွှဲပြောင်း လက်ခံရေးကိစ္စများတွင် ခင်မင်ရင်းနှီး စွာဖြေရှင်းရာတွင် တိုးတက်မှုများရရှိနေမှု၊ မောတောင်- ဆင်ခွန်းနယ်စပ်စခန်းသစ် ဖွင့်လှစ်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ရေး၊ ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ဗဟိုဌာန(AHA)ကနဦးလေ့လာအကဲဖြတ်မှု အစီအစဉ်ပါ အကြံပြုတင်ပြချက်များကို အကောင်အထည်ဖော်ရေးကိစ္စနှင့် ထိုင်းနိုင်ငံအနေဖြင့် အားပေးကူညီ သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ အာဆီယံ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းလွင်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment