Monday, June 24, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people smiling, people standing and suit


ဗန်ကောက် ဇွန် ၂၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ တာကဲဟိ ကိုနာကာအိုနှင့် အဖွဲ့အား ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ Athenee Tower ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေး၊ လမ်းပန်း ဆက်သွယ်မှုမြှင့်တင်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ လျှပ်စစ်စွမ်းအင်ရရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကူအညီများနှင့် ချေးငွေများ ဆက်လက်ပေးအပ်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်း၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

သတင်းစဉ်

No comments:

Post a Comment