Sunday, June 2, 2019

နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်က ကူညီခြင်းမရှိ မြန်မာနိုင်ငံအစိုးရက နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံပြီး နေထိုင်ခွင့်လက်မှတ်များထုတ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြား

Image may contain: 1 person, text


တိုကျို    

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်  ရောက်ရှိ နေသည့် နေရပ်စွန့်ခွာသွားသူများအား နေရပ်ပြန်ပို့ရေး နှင့် နေထိုင်ခွင့်လက်မှတ်များထုတ်ပေးရေးဆိုင်ရာ မြန်မာ နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ          ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန်နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။

လိုက်နာမှုမရှိ

၂၀၁၇ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ သည့်  နေရပ်စွန့်ခွာသွားသူများအား နေရပ်ပြန်ပို့ရေး ဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း လုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပျက်ကွက်နေကြောင်း၊  ယင်းစာချုပ်သည် ရခိုင်ပြည်နယ်မှ   နေရပ်စွန့်ခွာသွား သူများ    နေရပ်ပြန်ပို့မှု   အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြား သည်။

နေရပ်သို့ပြန်လာသူမရှိသေး

နေရပ်စွန့်ခွာသွားသူများအား နေရပ်သို့ ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလကစတင်ရန် စီစဉ်ထားခဲ့ကြောင်း၊ သို့ရာတွင်  ယနေ့အထိ  တရားဝင် လမ်းကြောင်းမှတစ်ဆင့် နေရပ်သို့ပြန်လာသည့် နေရပ် စွန့်ခွာသူတစ်ဦးတစ်ယောက်မျှ     မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
"လူ ၂၀၀ ခန့်ကတော့ သူတို့ရဲ့ ဆန္ဒအလျောက် ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကို    ဖြတ်သန်းပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်သို့ ပြန်လာကြပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင့်ဆွေက မေ ၃၁ ရက်တွင် တိုကျိုမြို့၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ   နိုင်ငံတကာဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသွားသူများ    ဘေးမသီရန်မခနှင့် သူတို့၏ဆန္ဒအလျောက်    ပြန်လာနိုင်ရန်အတွက်  ကုလသမဂ္ဂအေဂျင်စီနှစ်ခုနှင့် ယမန်နှစ်က လက်မှတ်ရေး ထိုးနိုင်ခဲ့သော်လည်း   ၎င်းတို့နေရပ်သို့   ပြန်ပို့ရေး ဆိုင်ရာ ၂၀၁၇ သဘောတူညီချက်ကို အကောင်အထည် ဖော်ရာတွင်  ထပ်တလဲလဲ  နှောင့်နှေးကြန့်ကြာလျက် ရှိသည်။

ခံစားခွင့်မရှိ

သို့ရာတွင် နေရပ်စွန့်ခွာသွားသူများသည် နိုင်ငံသား ဖြစ်မှုကဲ့သို့သော ဥပဒေအရ အကာအကွယ်ပေးမှုမရှိဘဲ နေရပ်သို့ပြန်ပါက ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသောအခါ        နှိပ်စက်ညှဉ်းပန်းမှုများကို ဆက်လက်ရင်ဆိုင်ရလိမ့်မည်ဟု  လူ့အခွင့်အရေးအုပ်စု များက  ဆိုသည်။ နေရပ်စွန့်ခွာသူများသည် မြန်မာနိုင်ငံ တွင် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊    ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့်နှင့်       ပညာရေးဆည်းပူးခွင့် စသည့်အခွင့်အရေးများကို မရရှိကြောင်း လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ   နေရပ်ပြန်လာသူအားလုံး အတွက် နေထိုင်ခွင့်လက်မှတ်များ ထုတ်ပေးရန် မြန်မာ အစိုးရအနေဖြင့် အဆင်သင့်ရှိနေပြီး အစိုးရ၏  ဥပဒေ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနေဖြင့် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

တရားဝင်မေတ္တာရပ်ခံချက်များပေးပို့

ဟိန္ဒူဘာသာဝင်  ၄၄၄ ဦးခန့်မှာလည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့နယ်စပ်တွင်   ပိတ်မိနေပြီး  ထိုဟိန္ဒူဘာသာဝင်များကို စေလွှတ်ပေးရန် မြန်မာအစိုးရ ဘက်မှ တရားဝင်မေတ္တာရပ်ခံခဲ့သော်လည်း   ဘင်္ဂလားဒေ့ရှ် အစိုးရက စေလွှတ်ပေးခြင်းမရှိကြောင်း    ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

ဟိန္ဒူဘာသာဝင် ၂၀ ခန့်သည် ၎င်းတို့၏အစီအစဉ် ဖြင့်  နေရပ်ပြန်လာခဲ့ကြသော်လည်း တရားဝင်လမ်း ကြောင်းဖြင့် နေရပ်ပြန်လာသူမရှိသေးကြောင်း ၎င်းက ပြောခဲ့သည်။

ငြင်းဆိုထား

လူမျိုးသုဉ်းသတ်ဖြတ်သည့်သဘော သက်ရောက် သည်ဟု   ကုလသမဂ္ဂကပြောသည့်   အကြမ်းဖက်မှုမှ လွတ်မြောက်ရန် မွတ်စလင် ၇၂၀၀၀၀ ကျော်သည် ရခိုင် ပြည်နယ်မှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ကတည်းကပင် နေရပ်စွန့်ခွာခဲ့ကြသည်။  မြန်မာအာဏာ ပိုင်များကမူ  ယင်းစွပ်စွဲချက်များနှင့်ပတ်သက်၍ ငြင်းဆို ထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးကို လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။

အာဆီယံအဖွဲ့က     မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော     အကြမ်းဖက်မှုများနှင့်ပတ်သက်၍    ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရေးယူဆောင်ရွက်ရန် ဝေဖန်သူများက တောင်းဆိုခဲ့ကြသည်။

ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိ

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး အခြားသောအိမ်နီးချင်းနိုင်ငံများ အားလုံးနှင့်လည်း  ချစ်ခင်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း     ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောခဲ့သည်။

တရုတ်နှင့်   မြန်မာနိုင်ငံတို့သည်  ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမျိုးရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတို့ကို      တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ    လုပ်ငန်းအတော်များများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံအနေဖြင့် ကြွေးမြီထောင်ချောက်အတွင်းသို့   သက်ဆင်းရမည် ဆိုသည့် စိုးရိမ်ပူပန်မှုများမှာ အခြေအမြစ်မရှိဟု ဆိုသည်။

ယခင်အစိုးရနှင့် တရုတ်အစိုးရတို့အကြား သဘော တူညီခဲ့သည့် အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာ ငွေထောက်ပံ့ရေး   သဘောတူညီချက်နှင့်ပတ်သက်၍   ဒေါ်အောင်ဆန်းစုကြည်     ဦးဆောင်သောအစိုးရနှင့်    ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။

ပြန်လည်ပြင်ဆင်ရေးဆွဲ

ပြည်ထောင်စုဝန်ကြီးက       ဂျပန်အပါအဝင် ကုန်သွယ်ဖက်နိုင်ငံအားလုံးမှ     ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။       နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် သဟဇာတရှိစေရန် မြန်မာနိုင်ငံ၏  ရင်းနှီးမြှုပ်နှံမှုမူဝါဒ ကိုလည်း    ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များကို   ဖိတ်ခေါ်လျက်ရှိပြီး    မကြာသေးမီက တိုယိုတာ ကုမ္ပဏီက မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံမည် ဟု ကြေညာခဲ့ခြင်းအတွက်  မိမိ များစွာဝမ်းမြောက်မိ ကြောင်း ပြောကြားခဲ့သည်။

ကိုးကား - Myanmar says Bangladesh not helping refugee return: By P PREM KUMAR, Nikkei staff writer May 31, 2019.       
            

No comments:

Post a Comment