Sunday, June 2, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုး

Image may contain: 4 people, table and indoor
ရန်ကုန်      ဇွန်       ၁

ထိုင်းနိုင်ငံ ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ဟောင်း General  Prem Tinsulanonda   မေ ၂၆ ရက်က  ကွယ်လွန်ခဲ့သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့  ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးသို့သွားရောက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားရှိသည့်စာအုပ်၌ လက်မှတ်ရေးထိုးသည်။

အဆိုပါဝမ်းနည်းခြင်းအထိမ်းအမှတ် လက်မှတ်ရေးထိုးခြင်းကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံး၌ မေ ၂၈ ရက်မှ ဇွန် ၂ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ၁၂ အထိ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ၂ နာရီမှ ၅ နာရီ အထိလည်းကောင်း ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။                                                              
                          
     သတင်းစဉ်

No comments:

Post a Comment