Sunday, June 2, 2019

အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာလက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်း ရေးဆွဲချမှတ်ရေး အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



Image may contain: 1 person, sitting, table and indoor

နေပြည်တော်    ဇွန်    ၁

အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှုလုပ်ငန်း စီမံကိန်းရေးဆွဲချမှတ်ရေး အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို      ယမန်နေ့      မွန်းလွဲပိုင်းက နေပြည်တော်ရှိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲ၌    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ မြင့်ထွေးက ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုစနစ်၏ စွမ်းဆောင်နိုင်မှုအရည်အသွေးသည် နိုင်ငံနှင့်ဝန်ကြီးဌာန တို့အတွက် လွန်စွာအရေးကြီးပါကြောင်း၊ မှန်ကန်တိကျ သော မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော်  ဆောင်ရွက်ခြင်းဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရာတွင် အလေ အလွင့် နည်းပါးစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာအမျိုးမျိုးအတွက် အရည် အသွေးသတ်မှတ်ချက်များကို  ပြုစုထားရှိခြင်းအားဖြင့် ဝယ်ယူမှုပြုလုပ်ရာတွင်        ပိုမိုစနစ်တကျ   တိကျစွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

ထို့အပြင် ပြည်သူများအတွက် အသုံးပြုရန် ပြည်ပ အလှူရှင်များက လှူဒါန်းလာသည့် ဆေးနှင့်ဆေးပစ္စည်း များနှင့် အရေးပေါ်အခြေအနေများတွင် ဝန်ကြီးဌာနအနေ ဖြင့် ပြည်ပမှ မှာယူရသည့် ဆေးနှင့်ဆေးပစ္စည်းများ အခွန် ကင်းလွတ်ခွင့်ရရှိရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကို လည်း ပြုစုထားရှိရမည်ဖြစ်ပါကြောင်း၊ ဆေးနှင့် ဆေး ပစ္စည်းများကို လိုအပ်သည့် အရေအတွက် ပမာဏထက် ပိုမိုဝယ်ယူမိခြင်း (သို့မဟုတ်) နည်းပါးစွာ ဝယ်ယူမိခြင်းများ မဖြစ်ပွားစေရန်အတွက် တိကျသော ခန့်မှန်းတွက်ချက်မှု များ ပြုလုပ်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် များအလိုက် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူမှု၊ အသုံးပြုမှု ဆိုင်ရာ သတင်းအချက်အလက်များလည်း မှန်ကန်တိကျ စွာရရှိရန် လိုအပ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ယခုအခါ ကွန်ပျူတာစနစ်သုံး ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူမှု၊ ဖြန့်ဖြူးမှုနှင့်  အသုံးပြုမှု ဆိုင်ရာ မှတ်တမ်းစနစ်ကို စတင်အသုံးပြုလျက်ရှိပြီး ပိုမို ကောင်းမွန်စေရေး   ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ သဘာ၀ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေ အနေများကျရောက်သည့်အခါ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်တောက်မှုမရှိစေရေးအတွက် အရေးပေါ်စီမံကိန်းကို လည်း ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊ လက်ရှိ  တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဆေးသိုလှောင်ရုံများ၊ ဆေးရုံများရှိ ဆေးသိုလှောင်ရုံများနှင့်ပတ်သက်၍ ဘက်စုံ ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ   လုပ်ငန်းအားဖြည့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

ဆေးနှင့်ဆေးပစ္စည်း    ဝယ်ယူဖြန့်ဖြူးမှုဆိုင်ရာ ဒီပလိုမာသင်တန်းများ အမြန်ဆုံး ဖွင့်လှစ်သင်ကြားပေးနိုင် ရန်အတွက်   စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပံ့ပိုးပေးသော အလှူရှင် အဖွဲ့အစည်းများကိုကျေးဇူးတင်ရှိပြီး ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများအတွက် USAID Global Supply Chain Program မှ ပံ့ပိုးမှုများပေးစေလိုပါကြောင်း၊ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတစ်ခုလုံး အတွက် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည့် ဆေး နှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှုစနစ် ပိုမိုတိုးတက်ကောင်း မွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ Global Health Supply Chain Program - Procurement and Supply Management (GHSC-PSM) မှ Consultant Mr. Pierre de Vasson က       အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးမှု      မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှုလုပ်ငန်းစီမံကိန်း ရေးဆွဲ ချမှတ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ က   အထွေထွေဆွေးနွေးမှုများနှင့်   အကြံပြုမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။          

သတင်းစဉ်

No comments:

Post a Comment