Sunday, June 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံကိုယ်စားလှယ်များ တွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲ၊ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၊ (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး(မျက်နှာစုံညီ) အစည်းအဝေးနှင့် ဂုဏ်ပြုညစာစားပွဲတို့သို့ တက်ရောက်


Image may contain: 1 person

ဗန်ကောက် ဇွန် ၂၂

(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ The Athenee Hotel, Pimarn Siam Hall ၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များ ညီလာခံကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ညီလာခံတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း) က အဖွင့်အမှာစကားပြောကြားပြီး President of AIPA, Mr. Chuan Leekpi က မိန့်ခွန်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမိနစ် ၅၀ တွင် ကျင်းပသည့် အာဆီယံခေါင်းဆောင်များနှင့် အာဆီယံလူငယ် ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း) က အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်သည်။

မိန့်ခွန်းပြောကြား

တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း) က အဖွင့်အမှာစကားပြောကြားပြီး အာဆီယံစီးပွားရေးအကြံပေးကောင်စီ ဥက္ကဋ္ဌ Mr. Khun Arin Jira က မိန့်ခွန်းပြောကြားသည်။

တာဝန်ရှိသူများတက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ ဦးကျော်တင် နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် The Athenee Hotel , Grand Hall ၌ ကျင်းပသည့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး (မျက်နှာစုံညီ) အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ အာဆီယံနိုင်ငံ များမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရ အဖွဲ့အကြီးအကဲများ၊ အာဆီယံအတွင်း ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဖွင့်အမှာစကားပြောကြား

အစည်းအဝေးတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း) က (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး (မျက်နှာစုံညီ) အစည်းအဝေး အဖွင့်အမှာစကား ပြောကြားသည်။

အမြင်ချင်းဖလှယ်ဆွေးနွေးအစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်း စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ပြုမှုတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း) က (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး (မျက်နှာစုံညီ) အစည်းအဝေး အပိတ် မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း က်ိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Athenee Tower , Crystal Hall ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ်က(၃၄) ကြိမ် မြောက် အာဆီယံထပ်သီးအစည်းအဝေး သို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ သို့ တက်ရောက်သည်။

သတင်းစဉ်


No comments:

Post a Comment