Sunday, June 2, 2019

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လက်နက်ထုတ်လုပ်ရေးစက်ရုံသို့ ကြည့်ရှုစစ်ဆေး



Image may contain: 6 people, people smiling, people sitting
ပြုံယမ်း  ဇွန် 

မြောက်ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအန်သည် နိုင်ငံ အတွင်းရှိ  လက်နက်နှင့်  ခဲယမ်း၊   မီးကျောက်စက်ရုံနှင့် အနုပညာနှင့်အားကစား   သင်တန်းကျောင်းတစ်ခုသို့  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းစာက    ယနေ့ဖော်ပြထားကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်အရ သိရသည်။
အဆိုပါလက်နက်စက်ရုံသည် နိုင်ငံ၏မြောက်ပိုင်း ဂျာဂန်း စီရင်စုအတွင်းတည်ရှိပြီး စစ်လက်နက်အများအပြား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ရာတွင် အထောက်အကူပြုသော နည်းပညာမြင့် လက်နက်များထုတ်လုပ်နိုင်ခြင်းအတွက် ခေါင်းဆောင်ကင်က  အဆိုပါစက်ရုံအကြီးအကဲများအား      ချီးမွမ်းစကား ပြောကြားခဲ့သည်။
ခေါင်းဆောင်ကင်သည်  မေလအတွင်းက ဒုံးကျည် စမ်းသပ်လွှတ်တင်မှုကို   ကြည့်ရှုရန်  အဆိုပါစက်ရုံသို့ လာရောက်ခဲ့ပြီးနောက် ၂၂ ရက်အကြာတွင် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ခေါင်းဆောင်ကင်အနေဖြင့်   လက်နက်စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာခြင်းကို  ကြည့်ခြင်းအားဖြင့် နိုင်ငံတကာက ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ရင်ဆိုင်နေရချိန်တွင် တစ်ဖက်ကလည်း နိုင်ငံ၏စီးပွားရေး အခြေအနေနှင့်  ကာကွယ်ရေးစွမ်းပကားကို  တိုးတက် မြင့်မားလာစေရန် အလေးပေးလုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
ထို့နောက်   ခေါင်းဆောင်ကင်က   အနုပညာနှင့် အားကစားသင်တန်းကျောင်းတစ်ခုသို့    သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။         
                   အင်န်အိတ်ခ်ျကေ

No comments:

Post a Comment