Sunday, June 2, 2019

အမေရိကန်နိုင်ငံ စည်ပင်သာယာအဆောက်အအုံတွင်သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၁၂ ဦး သေဆုံး




ရစ်ခ်ျမွန်(ဗာဂျီးနီးယားပြည်နယ်)  ဇွန် 

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားကမ်းခြေရှိ စည်ပင် သာယာအဆောက်အအုံတစ်ခုတွင်  သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးသေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါ စည်ပင်သာယာအဆောက်အအုံအတွင်း၌ လူတစ်ဦးသည်  သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိများကဆိုသည်။
ယင်းသေနတ်သမားသည်  လုပ်သက်ရင့်  စည်ပင် သာယာဝန်ထမ်းတစ်ဦးဖြစ်ပြီး  ရဲအရာရှိများနှင့်  အပြန် အလှန်သေနတ်ပစ်ခတ်မှုတွင်  သေဆုံးသွားခဲ့ကြောင်း ရဲအရာရှိများက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါသေနတ်ပစ်ခတ်မှုသည် အစုအဖွဲ့နှင့်ကျူးလွန် ခြင်းမဟုတ်ဘဲ တစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိများက ကောက်ချက်ချခဲ့သည်။
အခင်းဖြစ်ပွားမှုအပါအဝင်   သေနတ်သမားနှင့် ပတ်သက်ပြီး  အသေးစိတ်အချက်အလက်များရရှိရန် ကြိုးပမ်းလျက်ရှိသည်ဟု ရဲအရာရှိများက ပြောကြားခဲ့သည်။
စည်ပင်သာယာအဆောက်အအုံသည် ဝါရှင်တန်မြို့ အရှေ့တောင်ဘက်ပိုင်း  မိုင်  ၂၀၀  ခန့်ကွာဝေးသော ဗာဂျီးနီးယားကမ်းခြေတွင် တည်ရှိသည်။ ကမ်းခြေမြို့တွင် ဒေသခံပြည်သူ ၄၅၀၀၀၀ ခန့်နေထိုင်ကြကြောင်း သိရ သည်။ အဆောက်အအုံအတွင်း၌  လျှပ်စစ်မီး၊ ရေပေးဝေမှု စသည့် မြို့တော်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဌာန များရှိပြီး  ရုံးဖွင့်ရက်များတွင် လူ ၄၀၀ ခန့် အနည်းဆုံး ရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားမှုအခြေအနေနှင့်   ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုယ်တိုင် ကိုင်တွယ် လျက်ရှိသည်ဟု အိမ်ဖြူတော်က ဆိုသည်။
ယခုသေနတ်ပစ်ခတ်မှုသည်     ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင်  ဖြစ်ပွားသော သေနတ် ပစ်ခတ်မှုအကြိမ်ပေါင်း ၁၅၀ ကြိမ်မြောက်ဖြစ်သည်။ ယင်းတို့ အနက် သေနတ်ပစ်ခတ်မှုတစ်ခုစီတွင် လူလေးဦး သို့မဟုတ် ငါးဦးအနည်းဆုံးသေဆုံးခဲ့ရသည်။          
အေအက်ဖ်ပီ 

No comments:

Post a Comment