Tuesday, June 18, 2019

မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

Image may contain: 2 people, people smiling, people standing
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၁၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင်Mr. Vuong Dinh Hue ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေး ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးကိစ္စ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား အပြန်အလှန်လည်ပတ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ၊ ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်မှုနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရေရှည်ခိုင်မာစေရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။


တက်ရောက်
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးသာဦး၊ ဦးအောင်ထူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မဒမ်လူသွေယောင်းနှင့် ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment