Tuesday, June 18, 2019

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်အတွင်း ကြည့်ရှုလေ့လာ

Image may contain: 4 people, people smiling, people standing and indoor


နေပြည်တော် ဇွန် ၁၇

မြန်မာနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိ နေသည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရို ကော်မတီအဖွဲ့ဝင် Mr. Vuong Dinh Hue နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသ္တိစေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥပ္ပါတသ္တိ စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ဥပ္ပါတသ္တိစေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း များ ကပ်လှူပူဇော်ကာ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက်သို့ သွားရောက်၍ ကျောက်မျက်ပြခန်းဆောင် နှင့် ကျောက်မျက်ရတနာဈေးတို့တွင် ပြသထားသော မြန်မာနိုင်ငံထွက် အဖိုးတန်ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတများကို ကြည့်ရှုလေ့လာကြသည်။

သတင်းစဉ်

No comments:

Post a Comment