Friday, June 21, 2019

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အာဆီယံပါလီမန်ခေါင်းဆောင်များ အကြိုညှိနှိုင်းအစည်းအဝေးနှင့် AIPA-ASEAN Interface သို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

Image may contain: 7 people, people standing and suit


ရန်ကုန် ဇွန် ၂၀
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် အာဆီယံပါလီမန် ခေါင်းဆောင်များ၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် (၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း ပြုလုပ်ကျင်းပမည့် AIPA-ASEAN Interface သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့်ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။


လိုက်ပါသွား

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

သတင်းစဉ်

No comments:

Post a Comment