Friday, June 21, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသံအမတ်ကြီးနှင့် ဂါနာနိုင်ငံသံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

Image may contain: 2 people, indoor 


နေပြည်တော် ဇွန် ၂၀


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာန်ိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် ဂါနာနိုင်ငံသံအမတ်ကြီး မစ္စ အာကူရာ ဆီကီဝါ အာဟန်ကော်ရာတို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။


မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် စပ်လျဉ်း၍ အစိုးရနှင့်တပ်မတော်၏ ဖြေရှင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံမှ ရပ်တည်ဆောင်ရွက်ပေးနေမှုအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ခဲ့သည့် အခြေအနေများ၊ ဂါနာနိုင်ငံ၏ တပ်မတော်သမိုင်းကြောင်း ဆိုင်ရာများ၊ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေအနေ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှ ရွေးချယ် သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုနှင့် ပြည်တွင်းငြိမ်းချမ်း ရေးရရှိအောင် ဆောင်ရွက်နေမှုအခြေအနေနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများအား ရင်းရင်း နှီးနှီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

No comments:

Post a Comment